Tuesday 7 February 2012

သူငယ်နာမစင်တဲ့ NLD

                            သူငယ်နာ မစင်တဲ့ NLD
                                                                                        သန်းထွန်း(tgkn)
         ကျွန်တော်တို့ ဆီမှာ NLD ရဲ့ မြို့နယ်ခွဲဆိုင်းဘုတ်တင်ပွဲကို တနင်္ဂံနေ့က လုပ်သွားကို လေ့လာဖြစ်ခဲ့ပါတယ်၊အခမ်းအနားမှာလူ၅၀၀ ကျော်လောက်တက်ရောက်တာတွေ့ရပြီး မြို့နယ်ဥက္ကဌ က မိန့်ခွန်းပြောကြားနာယကဖြစ်တဲ့ ဦးတင်ဦး ကပြောပြီး ၈၈ မျိုးဆက် မှ ကိုမင်းကိုနိုင်ကလည်းဆက်ပြီး သင်္ဃန်းကျွန်းလူထုကိုမိန့်ခွန်း အသီးသီးပြောသွားကြပါတယ်။
            မြို့နယ်ဥက္ကဌနဲ့ ကိုမင်းကိုနိုင်တို့ ပြောကြားသွားကြတာ ပြသနာမရှိပေမဲ့ ဒီအခမ်းအနားမှာ အသက်လဲအကြီးဆုံး၊ဝါလဲအရင့်ဆုံးဖြစ်တဲ့ နာယကကြီးပြောသွားတာကတော့ မေးစရာမေးခွန်းတွေနဲ့ ကျွန်တော်တို့သင်္ဃန်းကျွန်းမှာကျန်ရစ်ခဲ့ပါပြီ။
             နာယကကြီးက “ခမောက်တွေကအတုတွေ” လို့ ပြောသွားပါတယ် ဒါဆိုရင် ခမောက်အစစ်က ဘယ်မှာလဲဆိုတာစဉ်းစားစရာဖြစ်ရပါပြီ၊NLD က ခမောက်ကိုတောင် ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းမရှိဘဲ
နဲ့ တိုင်းပြည်ကို နာယကကြီးတို့လက်ထဲကိုအပ်လိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားရင်း ရင်လေးရ
ပါပြီ၊ကျွန်တော်သိသလောက်က၁၉၉၀ရွေးကောက်ပွဲမှာရွေးကောက်ပွဲသင်္ကေံတအဖြစ်NLDကခမောက်ကိုရွေးတယ်၊တစညက စပါးနှံကို ရွေးပြီး ရွေးကောက်ပွဲဝင်ပြိုင်ကြရာကနေ NLD က အပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမဲ့
အာဏာရအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
               ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအရ ပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ကသပိတ်မှောက်
တော့ နိုင်ငံရေးပါတီတရပ်အဖြစ် တရားဝင်ရပ်တည်ခွင့်မရှိတော့သည့်အတွက်၉၀ ပြည့်နှစ်က ရွေးချယ်ခဲ့တဲ့
ပါတီကိုယ်စားပြုအမှတ်တံဆိပ်ဖြစ်တဲ့ခမောက်ဆိုတာကလည်းအလိုအလျှောက်ပိုင်ဆိုင်ခွင့်ဆိုတာမရှိတော့ပါ
ဘူး၊အဲဒီကာလမှာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုကြတဲ့ NLD က ခေါင်းဆောင်တချို့စုစည်းပြီး ခမောက်တစ်လုံးရဲ့ အပေါ်မှာကြယ်တစ်လုံး ပါတဲ့ အမှတ်တံဆိပ်ကို NDFပါတီရဲ့အမှတ်အသားအဖြစ်မှတ်ပုံ
တင်ကာ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ ပြီး အဲဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့သင်္ဃန်းကျွန်းက NDF ပါတီက ၄ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ အားလုံး အနိုင်ရတာကို တွေ့ရပါတယ်။
            ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်းမှာဘဲ ပါတီရဲ့ ငွေကြေးအရှုပ်အရှင်းတွေကို မီဒီယာတွေမှာ ပြောတဲ့ကိစ္စနဲ့ ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဦးသိန်းညွန့်ကို ပါတီမှနေ ထုတ်ပယ်ခဲ့တော့ ဦးသိန်းညွန့်ကလဲ သင်္ဃန်းကျွန်ကို အခြေခံကာ အနိုင်ရခဲ့တဲ့ သင်္ဃန်းကျွန်းကိုယ်စားလှယ်များနဲ့ ပါတီသစ်တစ်ရပ်ကိုထူထောင်ခဲ့ပါတယ်၊ အဲဒီပါတီကို အမျိုးသားဒီမိုကရေစီပါတီသစ် NNDP အဖြစ် ပါတီမှတ်ပုံတင် ပြီး ပါတီရဲ့အမှတ်
သင်္ကေတအဖြစ် ခမောက်သုံးလုံး ကိုရွေးချယ်ခဲ့ပါတယ်။
             ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ သင်္ဃန်းကျွန်းက မဲရုံအသီးသီးမှာ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ကတဲ့ ရဲဘော်များနဲ့ အဘက်ဘက်မှ တာဝန်ကျေခဲ့ကြတဲ့ ရဲဘော်များကို ဂုဏ်ပြုတဲ့ ဂုဏ်ပြုပွဲအခမ်းအနားကိုတက်ရောက်ချီးမြှင့်ပေးဘို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့ပေမဲ့ သင်္ဃန်းကျွန်းရဲ့ဖိတ်ကြားချက်ကိုလှစ်လျူရှုပြီး ဒုတိယပင်လုံညီလာခံကိစ္စ ကို သွားရောက်ခဲ့ပါတယ်၊
                NNDP ခမောက်သုံးလုံး ပါတီ နှင့် NDF ခမောက်တစ်လုံးပါတီတို့က အကယ်၍ NLD က ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပါတီပြန်လည်ပြီး မှတ်ပုံတင်ခဲ့လျှင် NDF က ပြန်လည်ပူးပေါင်းသွားမည်၊ NNDP ကလည်း
ပါတီကို ဖျက်သိမ်းသွားမည်လို့ ကြေငြာခဲ့ကြပါတယ်၊NLD ကပါတီမှတ်ပုံတင်ပြီးတော့ NDF နဲ့ NNDP ကိုပြောကြားတာကတော့ ပါတီက လွင့်စင်သွားသူတွေ၊ ပါတီက ပဲ့ထွက်သွားသူတွေ၊အကယ်၍ဒီလူတွေ ပါတီကိုဝင်ချင်ရင်ပါတီဝင် လျှောက်လွှာ အသစ်ပြန်တင်ပြီး ဝင်ရမယ်၊ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြန်လည်စစ်ဆေးပြီးမှပါတီဝင်အဖြစ်စဉ်းစားမယ်လို့ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ဒီအချက်ကို ပေါတောတော ကြောင်တောင်
အမတ်တချို့ကလည်းလက်ခံပြီးဝင်ခဲ့ကြလို့ NLD ကရွေးကောက်ပွဲ မဝင်ရသေးဘဲနဲ့ လွှတ်တော်အတွင်းမှာ
NLD အမတ်ကကြိုပြီးရောက်နှင့်နေပါပြီ။
            ယ္ခုလတ်တလောကာလမှာ ကျွန်တော် ရေးခဲ့တဲ့ “၈၈ မျိုးဆက်နဲ့ လေ့ကျင့်ရေးကွင်းထဲက NLD”
ဆောင်းပါးမှာ ရေးခဲ့သလို NLD က ၂၀၁၀ ရွေးကောက်ပွဲမှာ လူထုအပေါ် ကျူးလွန်ခဲ့တဲ့အမှား က  ခမောက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ခဲ့ကြတဲ့ ဒီမိုကရက်တွေအပေါ် အစာမကြေ ဖြစ်ပြီး ရန်လိုမုန်းတည်းမှုတွေပွား၊
တဖက်မှာလည်း ၈၈ မျိုးဆက်တွေကိုသူတို့ သွားသင့်တဲ့ နိုင်ငံရေးလမ်းကြောင်းကို လမ်းညွှန်ပေးရမည့်အစားNLDကို ထောက်ခံ၊ဝန်းရံပေးအောင်စည်းရုံးနဲ့ ပြာပြာခတ်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကနေ NLD နဲ့မတူတဲ့ ရှိသမျှ ဒီမိုကရက်မှန်သမျှကို ရန်သူလိုသဘောထားပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ၉၀ ရွေးကောက်ပွဲရလဒ်ပုံစံမျိုးရအောင်လို့ ရန်သူလားမိတ်ဆွေလားမခွဲခြားတော့ဘဲ ၄၈ နေရာစလုံး ပန်းဝင်နိုင်အောင်လို့ ပါတီကြီး မာနအပြည့်နဲ့ ပြောသင့်တဲ့စကားလားမပြောသင့်တဲ့စကားလား မစဉ်းစားဘဲ အရူးချီးပန်း ပြောနေကြပြီ။
                    အဖွဲ့အစီးတစ်ခုမှာ နာယက လုပ်သူအနေနဲ့နာယကဂုဏ်၆ပါးဆိုတာရှိပါတယ်၊ပါတီကြီးတစ်
ရပ်ကနာယကကြီးတယောက်အနေနဲ့ကျွန်တော်တို့သင်္ဃန်းကျွန်းမှာ ပြောသွားတဲ့ခမောက်တွေကအတုတွေ
ဆိုတဲ့ အသုံးအနှုံးက နာယကဂုဏ်၆ပါးနဲ့ညိစွန်းနေတာကို သတိချပ်စေခြင်ပါတယ်။အခုnld သွားနေတဲ့ လမ်းကြောင်းက  တရားဥပဒေဆိုတာ ဘာမှန်းမသိတဲ့ ပုံပေါက်နေပါတယ်၊ ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုချက်ထုတ်ပြန်ပြီးမှသာ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်း
တွေအနေနဲ့ တရားဝင် မဲဆွယ်စည်းရုံးလို့ ရမှာဖြစ်ပါတယ်အခုတော့ ကော်မရှင်က တရားဝင်မထုတ်ပြန်ရသေးတဲ့ nld အမတ်လောင်းတချို့ ဟာ မဲဆွယ်စည်းရုံးရေး စတင်ပြုလုပ်နေကြပါပြီ၊ ၁၀.၂.၂၀၁၂ နေ့မှာ ကော်မရှင်က ကိုယ်စားလှယ်လောင်းတွေကိုတရားဝင် ကြေငြာမှာပါ။ နောက်တစ်ခုက ပါတီအလံထောင်မည်ဆိုလျှင် နိုင်ငံတော်အလံကိုပါထောင် ဖို့ စည်းကမ်းချက်ရှိနေပါတယ် nld ရုံတွေမှာ နိုင်ငံတော်အလံ ကို ထောင်တာမတွေ့ရလောက်အောင်ပါဘဲ။
                သတင်းမီဒီယာဟာလည်း နိုင်ငံတော်အတွက်စတုတ္ထမန်တိုင်လို့အားလုံးအသိအမှတ်ပြုကြတဲ့က
လောင်လက်နပ်တစ်ခုပါ၊သတင်းမီဒီယာလောကကြံ့ခိုင်သန်မာရေးအတွက် အဘက်ဘက်မှ အားပေးနေတဲ့ကာလလဲဖြစ်ပါတယ်၊ဖေဖေါ်ဝါရီလ ၆ ရက်နေ့ထုတ် nld ရဲ့ ဒီလှိုင်းစာစောင်မှာ ဟံသာဝတီဦးဝင်းတင်တင်ပြတဲ့ခမောက်တံဆိပ်နဲ့ အဖွဲချုပ်မဆိုင်ဆိုတဲ့ မေးဖြေခန်း မှာ ခမောက်ကိုဆုံးရှုံးခဲ့ရတာ တော်တော်လေးကိုသံဝေဂရနေပုံဘဲ နောက်ပြီး၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်စုကို ထားခဲ့ပြီး မဝင်နိုင်လို့ သပိတ်မှောက်ခဲ့တယ်လို့ဆိုတယ်အဲဒီတော့ ပါတီအရေးနဲ့ လူပုဂ္ဂိုအရေး၊ တိုင်းပြည်အရေးနဲ့ လူပုဂ္ဂိုအရေး ယှဉ်လာရင် လူပုဂ္ဂိုတစ်ဦးယောက်အရေးကိုဦးစားပေးပါတယ်လို့ nld ရဲ့ သဘောထားကိုချပြခဲ့တယ်လို့မှတ်ယူမိပါတယ်၊ဆရာဦးချမ်းအေး(မောင်စူးစမ်း) ရေးခဲ့တဲ့nldဟာ ဒေါ်အောင်ဆန်းစုကြည်မရှိရင် အတွေးအခေါ်ဆင်းရဲတယ်ဆိုတဲ့စကားကိုပြေးမြင်မိပါတယ်၊၂၀၁၀ ရွေးကောက်ပွဲမှာခမောက်အတုနဲ့ ပြည်သူကိုလိမ်သွားတယ်တဲ့ ကိုဒီ ကပြောတယ်အမှန်က ၂၀၁၀ ရွေးကောက်ပွဲမှာ nld မပါတာ အာလုံးအသိပါ ဘယ်လိုသိသလဲဆိုရင် nld တွေကိုယ်တိုင်စာတွေလိုက်ဝေတယ်လေခမောက်တွေကအတုတွေပါ၊ ရွေးကောက်ပွဲမှာnldမပါတဲ့အတွက် မဲမပေးဘဲနေကြပါ ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောသွားတာ တတိုင်းပြည်လုံးအသိပါ ကြံ့ဖွင့်ကို မဲမပေးချင်တဲ့ ပြည်သူတွေက nld မပါတဲ့ ရွေးကောက်ပွဲမှာ ခမောက်တံဆိပ်ပါတဲ့ ဒီမိုကရက်အမတ်တွေကို မဲပေးခဲ့ကြလို့ အခုလွှတ်တော်အတွင်းမှာ အတိုက်အခံရယ်လို့ မယ်မယ်ရရ ပေါ်ပေါက်လားပြီး ကမ္ဘာကလည်း စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ အခြေအနေ တစ်ရပ်ကို ညွှန်းဆိုနေရတယ်၊ အကယ်၍များ nld လမ်းစဉ်ကို လိုက်ခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံရေးအခြေအနေတိုးတက်ပြောင်းလဲမှုဟာ အခုလိုလျှုင်လျှင်မြန်မြန် ဖြစ်လာမည်မဟုတ်ဘဲ ခြင်္သေ့ လွှတ်တော်ဖြစ်နေပြီ၊ အကယ်၍များ nld သာ ၂၀၁၀ ရွေးကောက်ပွဲကိုလူပုဂ္ဂို တစ်ဦး တစ်ယောက်အရေးထက် တိုင်းပြည်
အရေးကို ဦးစားပေးရွေးချယ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် လွှတ်တော်အတွင်းမှာ အများစုဟာ nld တွေပါလွှတ်တော်ထဲရောက်မှ ၂၀၀၈ အခြေခံဥပဒေကို ပြင်လို့ရတဲ့ အခြေအနေရှိပါတယ် တမတ်သား စစ်တပ်ကိုယ်စားလှယ်ဆိုတာလဲ ပုထုဇဉ် တွေပါ သူတို့မှာလဲခံစားချက်ကိုယ်စီနဲ့ပါ အပြောတတ်မယ်၊စည်းရုံးတတ်မယ်ဆိုရင်သူတို့ရဲ့ မဲဟာ ကိုယ့်အတွက်ထောက်ခံမဲပါ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်ပဲ့ထွက်သွားသူ၊လွင့်စင်သွားသူ၊ဗွေဖေါက်သွားသူ၊အဇာတသတ်လို့အမည်အမျိုးမျိုးနဲ့nldကကင်ပွန်းတပ်နေတဲ့ဦးသိန်းညွန့်ကယုံကြည်ချက်
ကြောင့်အကျဉ်းကျခံနေရသူများအားလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအဆိုကို တင်သွင်းတော့ တစ်မတ်သား စစ်တပ်ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးပြီး ကြံ့ဖွင့်အမတ်တွေက ကန့်ကွက်သူမရှိ ဘဲ အဲဒီအဆိုကို အတည်ပြု ပြီးသမ္မတကြီးက လက်မှတ်ရေးထိုးပေးခဲ့တဲ့ သာဓက ကလည်း သမိုင်းတွင်မဲ့ သာဓကပါ၊
   Nld က အခုသွားနေတဲ့လမ်းကြောင်းကခင်းဗျားတို့ကြိမ်စာတိုက်နေတဲ့ခမောက် တွေရဲ့ ရှေ့ကဖေါက်သွား
သွားတဲ့ လမ်းကြောင်းပေါ်ကို လိုက်မယ်ဆိုရင်လဲ အသာတကြည်လိုက်ကြပါ၊ ခမောက်တွေရှေ့ကဖေါက်ခဲ့တာအရမ်းကိုပင်ပန်းပြီး ခက်ထန်ကြမ်းတမ်းလှပါတယ် ကျေးဇူး မတင်ရင် နေပါ ကျေးဇူးတော့မကမ်းကြပါနဲ့Nldက ဒီလမ်းစဉ်အတိုင်းဆက်ပြီးသွားမယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အိပ်မက်သဖွယ်ဖြစ်သွားပါလိမ့်မယ်၊ တဖက် ကြံ့ခိုင်ရေးပါတီဟာ အခုဆိုရင် ပါတီအတွင်း ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့အချိန်မှာ nld က ပါတီဖွဲ့စည်းရေးကတဖက်၊ ဆိုင်ဘုတ်တင်ရေးကတဖက်၊၄၈ နေရာစလုံးလွှတ်တော်ထဲရောက်ဖို့မဲဆွယ်ရတာကတဖက်၊ ပြာပြာခတ်တဲ့ နိုင်ငံရေး လုပ်နေရတာကတဖက် ရှုပ်ယှက်ကိုခတ်နေရတဲ့ ကြားထဲမှာမှခမောက်ကိုကြိမ်စာကတိုက်လိုက်သေး   ၂၀၁၀ ရဲ့ အမှားသံသရာထဲမှာ တဝဲလယ်လယ်နဲ့။         အော် သနားစရာ
                                             Nld ရဲ့ အဖြစ် ဘယ်တော့မှများ သူငယ်နာစင်မလဲ လို့
                                                                                                သန်းထွန်း(tgkn)
            

No comments:

Post a Comment