Thursday 23 February 2012

သင်္ဃန်းကျွန်း ဈေး ကိစ္စ မခွဲ သည့် သတင်း


                                 ဆန္ဒမဲလက်မှတ် ထုတ်ပေးနေပုံ
                                 ဆိုင်ခန်းပိုင်ရှင်တစ်ဦးမှ မဲထည့်နေပုံ
                                  ဒီစီးကမ်းချက်အတိုင်း ညစ်ပတ်ထားပုံ
                                  ဆန္ဒမဲ ပေးရန် စီစစ်နေပုံ

22.2.2012 နေ့ နံက် ၉း၀၀ မှ စတင်ကာ ညနေ ၄း၀၀ အထိ သင်္ဃန်းကျွန်းဈေး ဆိုင်ခန်းနေရာချထားရေးနဲ့
ပါတ်သက်ပြီး မဲခွဲပြ်ီးဆုံးဖြတ်ပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့ပါတယ်
    ဒီဈေးနဲ့ဆိုလျှင် ဈေးသူဈေးသားများ၏ဆန္ဒ ကိုဒီမိုကရေစီနည်း အရမဲခွဲဆုံးဖြတ်သည့် ကျင့်စဉ်ကို
တတိယမြောက် ပြုလုပ်ကျင်းပသည့် ဈေးလဲဖြစ်ပါသည်။
     ဒါပေမဲ့ သင်္ဃန်းကျွန်းဈေးကိစ္စ ကတော့စိတ်ဝင်စားစရာဖြစ်နေပါသည်၊ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်
ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးသိန်းညွန့်၊ ဦးကျော်၊ဒေါ်စန်းစန်းမြင့်၊ဈေးသူဈေးသားများ၊ဈေးတာဝန်ခံနှင့်
အောင်ကောင်းကျော် ဆောက်လုပ်ရေး တို့၏ ညှိုနှိုင်းဆွေးနွေးပွဲမှ ရရှိထားသည့် မြေညီထပ်တွင် ၁၀ ပေခန်းပိုင်ရှင်၊၅ပေခန်းပိုင်ရှင် များ ဖွင့်လှစ်ရောင်းချ ခွင့်အား အားလုံးသဘောတုညီပြီးသည့် ကိစ္စကို
မဲခွဲဆုံးဖြတ်သည့် ကိစ္စဖြစ်နေလို့ပါ။
      ဒီနေရာမှာ ဈေးသာယာရေးအဖွဲ့မှ ကိုလတ်ဆိုသူ က အလွှာစုံ ညှိုနိုင်းဆွေးနွေးပွဲကို တက်ရောက်ခြင်း
မရှိဘဲ အများဆန္ဒနဲ့ ဆုံးဖြတ်ချက်တွေကို အထက်မှာရှိတဲ့ ကြံ့ဖွင့် လူကြီးတွေနဲ့ ပူးပေါင်းပြီး အဆိုပါ သဘော
တူညီချက်တွေကို နည်းမျိုးစုံသုံးပြီး ကပျက် ယပျက်လုပ်နေသည်ဟု ဈေးသူဈေးသားများမှသုံးသပ်ကြပါတယ်
        ဒါပေမဲ့ ဒီနေ့ မဲခွဲဆုံးဖြတ်မှု ဟာ ဘုရင့်နောင်ဈေးမှာ ဂမုံးပွင့် ကအဆောက်အဦး ဆောက်မဲ့ကိစ္စ၊
အလုံဆင်မင်းဈေးမှာ လည်း အဆောက်အဦး ဆောက်လုပ်မဲ့ ကိစ္စတွေကို ကန့်ကွက်လို့ အောင်မြင်ပြီးဈေးသူ
ဈေးသားတွေပျော်ရွှင်ခဲ့ရတဲ့ အောင်မြင်မှုတော့ မဟုတ်သေးပါ၊ သင်္ဃန်းကျွန်းဈေးသူဈေးသားများ ဆက်လက်ပြီး
တိုက်ပွဲဝင်ရအုံးမှာ ဘာဘဲဖြစ်ဖြစ်လေ သင်္ဃန်းကျွန်းဈေးသူ ဈေးသားများဘက်မှ ဦးသိန်းညွန့်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မါးမါးမတ်မတ် ရပ်တည်ပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။                                 
        “သင်္ဃန်းကျွန်းဈေးသူဈေးသားများ အောင်မြင်တဲ့ တိုင်ပွဲအဖြေရရှိပါစေလို့ လဲဆန္ဒပြုလိုက်ပါတယ်”။

ဒီနေ့ ဆန္ဒမဲပေးပွဲရဲမှာ  မဲလာရောက်ပေးကြသူ ၆၀၄ ဦးအနက် မြေညီထပ်တွင် ဆိုင်ခန်းအာလုံးဖွင့်လှစ်ရောင်း
ချနိုင်ရေးအတွက် ထောက်ခံသူက ၅၆၉ မဲ၊ ကန့်ကွက်လိုသူ က ၁၉ မဲ နဲ့ ပယ်မဲအဖြစ် ၁၆ မဲ လာရောက်ဆန္ဒပြု
ကြပါတယ်

No comments:

Post a Comment