+++++ ၂၀၁၂ အတာသင်္ကြန်ကာမှာ သံချပ်သံများပြန်လည်အသက်ဝင်လာပြီ++++++
“နှစ်ပေါင်း၂၀
ကျော်ကာလတွင်းတိမ်မြုတ်ပြောက်ကွယ်နေတဲ့ ကျွန်တော်တို့ မြန်မာ့ရိုးရာအတာသင်္ကြန်ကာလ
မှာ သင်္ကြန်သံချပ်များပြန်လည်ဖေါ်ထုတ်ခွင့်ရအောင်
စွမ်းဆောင်ပေးတဲ့ အန်ကယ်ဦးသိန်းညွန့်ရဲ့ဖိတ်ကြားချက်
ကို ကျွန်တော်တို့အနေနဲ့ဂုဏ်ပြုပြီး
လာရောက်ဖျော်ဖြေရခြင်းဖြစ်ပါတယ်”
လို့ ပြောကြားတဲ့ ကိုမေတ္တာ၊ကိုဗေလုဝ၊ကိုကုသိုလ်
တို့ဦးဆောင်ဖွဲစည်းထားတဲ့ ‘သာဓုပါဗျာ’
သင်္ကြန်သံချပ်အဖွဲ ဟာ ယနေ့ ၁၄.၄၂၀၁၂ နေ့(စနေနေ့)
နံက် ၁၁း၀၀နာရီတွင် အမျိုးသား
ဒီမိုကရေစီပါတီသစ် NNDP ဌာနချုပ်ရုံးတွင်
လာရောက်ပြီး ဖျော်ဖြေခဲ့ပါသည်။
အဆိုပါ သာဓုပါဗျာ သံချပ်အဖွဲ့မှ ယနေ့ ပြည်သူများ၏ဘဝ၊
လျှပ်စစ်မီး တိုင်းတပါးကို
ရောင်းစားပြီး ပိုင်ရှင်ဖြစ်တဲ့ မြန်မာပြည်သူများအနေနဲ့
မီးမှောင်ထဲမှာနေရသည့် ကိစ္စ
ကုန်ဈေးနှုန်း ကိစ္စ များစသည့် လက်တွေ့ကျလှပြီး
လူမှုဘဝကို ထင်ဟပ်စေတဲ့ သံချပ်များ
သီချင်းများဖြင့် ၄၅ မိနစ်ခန့် ဖျော်ဖြေခဲ့ပါသည်၊
NNDP ပါတီဥက္ကဌ ဦးသိန်းညွန့်နှင့်
ဇနီး ဒေါ်ခင်ခင်အေးတို့မှ ဆုတော်ငွေ ငါ်းသောင်းကျပ်
ဒေါ်နန်စောမှ ၁၅၀၀၀ ကျပ်
NNDP အဖွဲ့သားများမှ ဆုတော်ငွေ တစ်သိန်း ကျပ်နှင့်
လာရောက်ကြည့်ရှုအားပေး
ကြသည့် ဧည့်ပရိတ်များမှ ၄၈၀၀၀ ကျပ်တို့ အား ဆုတော်ငွေအဖြစ်
ချီးမြှင့်ခဲ့ကြသည်။
BY NNDP ပြန်ကြားရေး