Monday 9 April 2012
အဓီပတိ ယာဉ်လိုင်းမှ မင်းမဲ့စရိုက် ဆန်ဆန် ပြုမူမှု
                                 သန်းထွန်း (tgkn)
.၄.၂၀၁၂ နေ့ ညနေ ၃း၀၀ နာရီခန့်တွင်ဦးစိန်သန်း၏နေအိမ်သို့ သင်္ဃန်းကျွန်းပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်ဦးသိန်းညွန့်၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦကျော်နှင့် NNDP ပါတီဒုဥက္ကဌ ဦးဝင်းရွှေ တို့
သွားရောက်ခဲ့သည်၊ ဦးစိန်သန်း၏နေအိမ်တွင်လေးဒေါ့င်ကန်ရပ်ကွက်အတွင်းမှရပ်မိရပ်ဖများရပ်ကွက်အုပ်ချုပ်
ရေးမှုးအပါအဝင် လူ၂၀ ခန့် မှ ၄င်းနေ့တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်အသေးစိတ်ကိုရှင်းလင်းပြောကြားကြပါ
သည်၊၄င်းနောက် အဆိုပါဗန္ဓုလသယ်ယူပို့ဆောင်ရေး လက်အောက်ရှိ အဓိပတိ အဖြူ မော်တော်ယဉ် ၂ စီး
ဖြင့် လိုက်ပါလာသည့် သင်္ဃန်းကျွန်းမြို့နယ်လေးဒေါင့်ကန်ဈေးအတွင်းသို့ ဝင်ရောက်လာပြီး ဦးဝင်းသိန်း၏
မီးသွေးဆိုင် နေကာအမိုးအားရိုက်ချိုးဖျက်စီးခဲ့သည့် တန်ဖိုးငွေ ၈၀၀၀ ကျပ်ခန့်၊ဒေါ်တင်တင်နိုင်၏ဘဲဥရောင်း
သည့်ဆိုင် ဘန်းအားရိုက်ချိုးသွားသည့်အတွက် ဆုံးရှုံးမှု တန်ဖိုးငွေ ၈၀၀၀ ကျပ်ခန့်၊ဒေါ်ခင်မြမူ၏ အအေးဆိုင်
အား ရိုက်ချိုးဖျက်စီးခဲ့သဖြင့် တန်ဖိုးငွေ ၂၀၀၀ ကျပ်ခန့် ၊ဒေါ်မာလာ၏ ကွမ်းယာနှင့်မုန့်ဆိုင်အား ဖျက်စီးခဲ့သည့်
တန်ဖိုးငွေ ၃၀၀၀ ကျပ်ခန့် ဆုံးရှုံးသွားသည်ကို ဦးသိန်းညွန့်နှင့်အဖွဲ့မှ အဆိုပါဆိုင်ပိုင်ရှင်များနှင့် ပျက်စီးမှုအသီး
သီးများကို ကွင်းဆင်း လေ့လာကြည့်ရှုခဲ့ပါသည်။
ကြားခဲ့ရာ ရဲစခန်းမှ အဆိုပါမင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားခဲ့သော လူ ၃၀ ခန့်အပေါ် ဥပဒေပုဒ်မ ၂၉၄ (ဆဲဆိုမှု)
၃၂၃ ရိုက်နှက်မှု ၅၀၆ ကြိမ်းမောင်းချိန်းခြောက်မှု ၁၁၄ အားပေးကူညီမှု တို့ဖြင့်အရေးယူထားသော်လည်းဆိုင်
ခန်းများ ဖျက်စီးမှုအတွက် အကျိုးပျက်စီးမှု ပုဒ်မ ပါထည့်သွင်းပေးရန် လိုအပ်သည်ဟု သုံးသပ်ခဲ့ပါသည်
            ရပ်ကွက်သူရပ်ကွက်သားများမှ၎င်းအဖြစ်အပျက်အား အမှုမှန်ပေါ်ပေါက်ရေးအတွက်ရပ်ကွက်ပြည်သူ
များမှတောင်းဆိုကြသည့်အပြင် ထိရောက်ဟန့်တားသော ပြစ်ဒဏ်ချမှတ်ရန် လိုအပ်ကြောင်းတင်ပြကြပါသည်၊
        ဦးသိန်းညွန့်နှင့်အဖွဲ့ကယင်းကိစ္စအား တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အထိသယ်
ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်လာပါက NNDP ပါတီရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွား
မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။                               သန်းထွန်း (tgkn)
No comments:
Post a Comment