Monday 30 January 2012

၈၈မျိုးဆက်နဲ့ လေ့ကျင့်ရေးကွင်းထဲက NLD


                          “၈၈မျိုးဆက်နဲ့   လေ့ကျင့်ရေးကွင်းထဲက NLD”                               
  သန်းထွန်း (tgkn)           
                 

   ပြည်သူလူထုနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးလိုလားတောင့်တနေကြတဲ့နိုင်ငံရေးအကျဉ်းသားတွေ
လွတ်မြောက်လာမှုဟာ ဒီကနေ့ နိုင်ငံရေးနယ်ပယ်အသီးသီးက ပုဂ္ဂိုတွေေ၇ာ သာမန်ပြည်သူလူထု နဲ့ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကိုစောင့်ကြည့်နေကြတဲ့ ကမ္ဘာနိုင်ငံ အသီးသီးတွေက ကောင်းချီးသြဘာပေးခဲ့
ကြတာ အင်တာနက်စာမျက်နှာ အသီးသီး ပြည်တွင်း ပြည်ပထုတ် သတင်းစာ ဂျာနယ်အသီးသီး မှာ မင်္ဂလာသတင်းအနေနဲ့ တွေ့ကြရပြီး ဖြစ်ပါတယ်။
         ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ကိုလှမျိုးနောင်တို့အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခွန်ထွန်းဦးတို့ အပါအဝင် ထင်ရှားတဲ့ ပုဂ္ဂိုတွေရဲ့ ရှေ့မြန်မာ့ နိုင်ငံရေးခရီးအတွက်သူတို့
တတွေရဲ့နိုင်ငံရေးလမ်းကြောင်းဘယ်လိုပုံဖေါ်ဆောင်ရွက်ကြမယ်၊လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးရေးစီးကြောင်းအတွင်းမှာ ဘယ်လိုအခန် ကနေဆက်ပြီး ဘယ်လိုလမ်းစဉ်တွေနဲ့ လိုက်ပါဆောင်ရွက်ကြမလဲဆိုတဲ့ မျှော်လင့်ချက်ကိုစီနဲ့ စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။
           ၂၁.၁.၂၀၁၂ စနေနေ့မှာ ၈၈ မျိုးဆက်ကျောင်းသားတွေ တော်ဝင် စင်တာမှာ သတင်းစာရှင်းလင်းပွဲ
လုပ်မယ်ဆိုတဲ့သတင်းကို ဝက်ဆိုဒ် တစ်ခုမှာတွေလိုက်ရပါတယ်၊ ညနေပိုင်းမှာ သတင်းတွေ ဖတ်ရပါပြီ
ဓာတ်ပုံမှတ်တမ်းမှာ ကိုမင်းကိုနိုင်အပါအဝင် ၈၈ ကျောင်းသားခေါင်းဆောင်တွေရဲ့ပုံတွေတွေ့ရတော့အင်မတန်
ဝမ်းသာပီတိဖြစ်ရပါတယ်၊ ၈၈ ခေါင်းဆောင်တွေ သူတို့ရသင့်ရထိုက်တဲ့ နေရာတခု လို့မှတ်ယူရတဲ့ စင်မြင့်အပေါ်မှာ စုစုစည်းစည်းနဲ့ နှောက်ယှက်မည့်သူမရှိ၊ လာရောက်ဖမ်းဆီးမည့်သူမရှိ၊ အော်ဟစ်ဆန္ဒပြစရာမလိုတဲ့ နေရာမှနေပြီး သူတို့ရဲ့နိုင်ငံရေးရပ်တည်ချက်တွေ ရှေ့လုပ်ငန်းစဉ်တွေကို သတင်းထောက်တွေမှတဆင့်ပြည်သူကိုတင်ပြခဲ့တာဟာပထမဆုံးအကြမ်အဖြစ်မှတ်ယူတာဟာမှားမည်မထင်ပါ။
               ဒီပုဂ္ဂိုတွေကို ဒီထက်မြင့်မားတဲ့ အခြေအနေ တခုေ၇ာက်ရှိကြပါစေလို့လဲဆုတောင်းမိတယ်
ကျွန်တော်ကိုယ်တိုင်ပင်လျှင် ၈ လေးလုံးတုံးက ၁၀ တန်းကျောင်းသားတယောက်၊ ကျောင်းသားဘဝကနေနိုင်ရေးနယ်ပယ်ထဲကို ဝင်လာခဲ့သူပါ၊ NLD မှာစတင်ပြီး ပါတီဖွဲ့စည်းစဉ်ကထဲက မြို့နယ်
ဆော်သြရေးမှုးတယောက်အနေနဲ့ တာဝန်ယူရင်း ၂၀၁၀ မှာ ရွေးကောက်ပွဲကို NLD ကလက်မခံ ဘဲ ကျောခိုင်းတဲ့အချိန်ကျတော့ မှ ပါတီသစ်တစ်ရပ်ကနေ ပြည်သူ့ အကျိုး၊ နိုင်ငံ့အကျိုးကိုဆက်ပြီးလုပ်လိုတဲ့ရည်
ရွယ်ချက်နဲ့ နိုင်းငံရေး ဆက်လက်လုပ်ကိုင်နေသူတစ်ယောက်ပါ ၈၈ မျိုးဆက်ပါလို့ ကျွန်တော့ကို ကျွန်တော်မိတ်
မဆက်ခြင်ပါ၊ဘာပြုလို့လဲဆိုတော့၈၈မျိုးဆက်အမည်ခံပြီးနိုင်ငံရေးကိုစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ပြီး လုပ်စားနေသူတွေကြောင့်ကတစ်ကြောင်း၊ကိုမင်းကိုနိုင်တို့ ကိုကိုကြီးကြီးတို့ စတဲ့ သူတွေလို
အနစ်နာခံမှု၊ကိုယ်ကျိုးစွန့်မှု၊ပေးဆပ်မှုတွေ ကိုနှိုင်းယှဉ်ကြည့်ပြီး သိမ်ငယ်လွန်းရ်ျ၎င်း မိတ်မဆက်တော့ပါ
                 ဒါပေမဲ့ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုတော့ တင်ပြခြင်
ပါတယ်၊ ကျွန်တော်တို့မြန်မာနိုင်ငံက ကိုမင်းကိုနိုင်တို့လို ကျောင်းသားခေါင်းဆောင်တွေဦးဆောင်ပြီး ၈၈ မှာ တပါတီ
အာနာရှင် ဦးနေဝင်းဦးဆောင်တဲ့  မ ဆ လ ပါတီနဲ့ အစိုးရကို ငွေစက္ကူကိစ္စ အခြေခံပြီး ကိုဘုန်းမော်ကျဆုံးခဲ့
တဲ့ နေရာကစကာတစ် တိုင်းပြည်လုံး ဒီမိုကေ၇စီအေ၇းအတွက် အထွေထွေသပိတ်မှောက်ခဲ့ရာကစခဲ့ကြတဲ့
မြန်မာ့ဒီမိုကရေစီတိုက်ပွဲဟာ လည်းမြောက်များလှတဲ့ အချိုး အကွေ့ ပေါင်းများစွာနဲ့ ရင်နင့် ဘွယ်ခံစားခဲ့ရတာ
ဟာလဲ အားလုံးသိပြီးသားပါ၊
                ယခုအချိန်အခါဟာ လွန်ခဲ့တဲ့ ခါးသီးဖွယ် ရင်နာဖွယ် အတိပြည့်နှက်နေတဲ့ နိုင်ငံရေးလမ်းကြောင်း
ကိုသွေဖယ်ပြီး နိုင်ငံအနာဂါတ်အတွက် မျှော်လင့်ချက် ထားနိုင်တဲ့နိုင်ငံရေးအခင်းအကျင်း တွေက ကိုမင်းကို
နိုင်တို့လိုတိုင်းပြည်အတွက်ယုံကြည်ရာကို လုပ်ဆောင်ရင်း အကျဉ်းကျခံနေရသူတွေကိုသမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပေးပြီး ထောင်ကအပြန်ခရီးကို ဆီးကြိုခဲ့ကြတဲ့လူထုပရိတ်သတ်ရဲ့အနေ
အထားကို ကြည့်ရင် မြင်သာပါတယ်၊ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကလဲ ကိုမင်းကိုနိုင်တို့ အဖမ်းမခံရခင်
ကာလနှင့်လဲ အလွန်ပင်ကွားခြားနေတာကို သိပြီးဖြစ်မှာပါ ၂၀၀၈ ဖွဲးစည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အခြေခံတဲ့
၂၀၁၀ ရွေးကောက်ပွဲကနေတဆင့် လွှတ်တော်နိုင်ငံရေး လမ်းကြောင်းပေါ်လာပြီပွင့်လင်းငြင်သာတဲ့လမ်းကြောင်းအပေါ်မှာ ၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့ ပြည်သူကိုမျက်နှာမူကာ အမျိုးသား အကျိုးစီးပွားအတွက်
ရှေ့ရှုပြီး ပြည်သူကို ဦးဆောင်ဦးရွက်ပြုတဲ့ နိုင်ငံရေးလုပ်တာကို မြင်လိုကြပါတယ်၊ဒီိလိုဘာကြောင့်ပြောရသလဲ
ဆိုရင် ကိုမင်းကိုနိုင်ပြောခဲ့သလို NLD ရွေးကောက်ပွဲ ပြန်ဝင်ခြင်းကို ထောက်ခံ တဲ့အချက်ဟာ အငြင်းပွားစရာ
မဟုတ်ပါ ၊ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေဘက်က ရပ်တည်သွားမယ်ဆိုတဲ့ ရပ်တည်ချက်ဟာအားရကျေ
နပ်စရာကောင်းပေမဲ့ NLD ကိုဝန်းရံသွားမယ် ဆိုတာကတော့ စဉ်းစားစရာ ပေါ်လာပါပြီ၊
                         ဘာပြုလို့ ဒီအယူအဆကိုတင်ပြရသလဲဆိုတော့ အခု NLD လျှောက်လှန်းနေတဲ့ နိုင်ငံရေး
အခင်းအကျင်းဟာ ၈၈ နိုင်ငံရေးအခင်းအကျင်းနဲ့ မတူတော့ဘဲ ကွဲပြား ခြားနာသွားပါပြီ၊၂၀၁၀ မှာ မှားယွင်းခဲ့
တဲ့ခြေလှမ်းကြောင့် NLD က မကြာခင် ပြုလုပ်မဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုရန်သူ မိတ်ဆွေ မခွဲခြားနိုင်တော့
ဘဲသူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြတော့မှာပါ၊တချိန်က ဒီမိုကရေစီအရေးမှာ င်းဒိုင်အဖြစ်နေပေးမယ်ဆိုတဲ့ ဒေါ်အောင်
ဆန်းစုကြည်သည်လည်း ဒီပြိုင်ပွဲမှာကိုယ်တိုင် ပန်းဝင် နိုင်ဖို့ အတွက် လေ့ကျင့်ရေးကွင်းထဲရောက်နေပါပြီ၊
            ဒီလေ့ကျင့်ရေးကွင်းထဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပြင် ပြုပြင်ပြောင်းလဲရေးကို လုပ်လိုကြတဲ့
 လွှတ်တော်အတွင်း၊လွှတ်တော်ပြင်ပလုပ်ငန်းတွေကို ပြည်သူ့အကျိုးတိုင်းပြည်အကျိုး လုပ်ဆောင်နေသူတွေလဲ
ပါဝင်နေတာကိုလဲ သတိချပ်သင့်ပါတယ်။ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ NLDက
၈၈မျိုးဆက်များရဲ့ ဝန်းရံပေးမှုနဲ့ ထိုက်တန်ရဲ့လားဆိုတာ ပြန်လည်ပြီးသုံးသပ်စေချင်ပါတယ်၊
              နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောချင်တာက ၈၈ မျိုးဆက်များဟာ ( အချောင်သမားများမပါ)
တိုင်းပြည်ကချစ်ကြတဲ့၊ယုံကြည်ကြတဲ့၊မြတ်နိုးကြတဲ့ သဲဦး ပန်းများပါ ရှုပ်ထွေးပွေလီလှ တဲ့ မြန်မာ့နိုင်ငံရေး
ဇာတ်ခုံအပေါ်မှာ ရာသက်ပန် ပြည်သူ့ဟစ်တိုင်တစ်ခုအဖြစ် မြင်လိုသည့် ဆန္ဒ တစ်ခုတည်းဖြင့် တင်ပြရခြင်း
ဖြစ်ပါတယ်။