Monday 28 May 2012
27.5.2012 နေ့ NNDP ရဲ့ အခန်းအနား မှတ်တမ်း  ရုပ်သံဖိုင် ဒုတိယပိုင်းပါ   ပထမအပိုင်းကတော့ ကွန်ပြူတာ ပြသနာကြောင့် မတင်ဖြစ်ခဲ့ပါ
Saturday 14 April 2012
2012 အတာသင်္ကြန်မှာ သံချပ်သံများ ပြန်လည်ဖေါ်ထုတ်ခွင့်ရပြီ
 +++++  ၂၀၁၂ အတာသင်္ကြန်ကာမှာ သံချပ်သံများပြန်လည်အသက်ဝင်လာပြီ++++++
“နှစ်ပေါင်း၂၀ ကျော်ကာလတွင်းတိမ်မြုတ်ပြောက်ကွယ်နေတဲ့ ကျွန်တော်တို့ မြန်မာ့ရိုးရာအတာသင်္ကြန်ကာလ
မှာ သင်္ကြန်သံချပ်များပြန်လည်ဖေါ်ထုတ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ အန်ကယ်ဦးသိန်းညွန့်ရဲ့ဖိတ်ကြားချက်
ကို ကျွန်တော်တို့အနေနဲ့ဂုဏ်ပြုပြီး လာရောက်ဖျော်ဖြေရခြင်းဖြစ်ပါတယ်”
        လို့ ပြောကြားတဲ့ ကိုမေတ္တာ၊ကိုဗေလုဝ၊ကိုကုသိုလ် တို့ဦးဆောင်ဖွဲစည်းထားတဲ့ ‘သာဓုပါဗျာ’
        သင်္ကြန်သံချပ်အဖွဲ ဟာ ယနေ့ ၁၄.၄၂၀၁၂ နေ့(စနေနေ့) နံက် ၁၁း၀၀နာရီတွင် အမျိုးသား
        ဒီမိုကရေစီပါတီသစ် NNDP ဌာနချုပ်ရုံးတွင် လာရောက်ပြီး ဖျော်ဖြေခဲ့ပါသည်။
        အဆိုပါ သာဓုပါဗျာ သံချပ်အဖွဲ့မှ ယနေ့ ပြည်သူများ၏ဘဝ၊ လျှပ်စစ်မီး တိုင်းတပါးကို
        ရောင်းစားပြီး ပိုင်ရှင်ဖြစ်တဲ့ မြန်မာပြည်သူများအနေနဲ့ မီးမှောင်ထဲမှာနေရသည့် ကိစ္စ
         ကုန်ဈေးနှုန်း ကိစ္စ များစသည့် လက်တွေ့ကျလှပြီး လူမှုဘဝကို ထင်ဟပ်စေတဲ့ သံချပ်များ
        သီချင်းများဖြင့် ၄၅ မိနစ်ခန့် ဖျော်ဖြေခဲ့ပါသည်၊ NNDP ပါတီဥက္ကဌ ဦးသိန်းညွန့်နှင့်
      ဇနီး ဒေါ်ခင်ခင်အေးတို့မှ ဆုတော်ငွေ ငါ်းသောင်းကျပ် ဒေါ်နန်စောမှ ၁၅၀၀၀ ကျပ်
       NNDP အဖွဲ့သားများမှ ဆုတော်ငွေ တစ်သိန်း ကျပ်နှင့် လာရောက်ကြည့်ရှုအားပေး
     ကြသည့် ဧည့်ပရိတ်များမှ ၄၈၀၀၀ ကျပ်တို့ အား ဆုတော်ငွေအဖြစ် ချီးမြှင့်ခဲ့ကြသည်။
                                                                             BY     NNDP ပြန်ကြားရေး
Wednesday 11 April 2012
၁၁.၄.၂၀၁၂ င/က ရပ်ကွက်နှင့် ကြီးပွားရေးရပ်ကွက် များအားသွားရောက်
 ကြီးပွားရေးရပ်ကွက် ရှိ ရေတံခါးအား ကြည်ရှုနေပုံ ၄င်းရေတံခါးသည် မိုးတွင်းအခါတွင် ငမိုးရိပ်ချောင်းမှ ရေလျှံတက်ချိန်များတွင်ကြီးပွားရေးရပ်ကွက်အတွင်းသို့ ရေးများဝင်လာကာ အိမ်များ အတွင်းရေးဝင်လေ့ရှိပါသည်။
င/က ရပ်ကွက်အတွင်းပိတ်ဆို့နေသည့် ရေမြောင်း
  •  
  •  
  •  
  • 11.4.2012 နေ့နံက် ၉း၀၀ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် င/ကရပ်ကွက်ရှိ ရေနှုတ်မြောင်းများ မှာပိတ်ဆို့နေသည့်အတွက်  NNDPပါတီဥက္ကဌ ဦးသိန်းညွန့်နှင့် ဦးကျော် ဒေါ်စန်းစန်းမြင့်တို့သွားရောက်ကြည့်ရှုခဲ့ပြီး ၁၁း၀၀ ခန့်တွင် ကြီးပွားရေး ရပ်ကွက် ရှိ ရေမြောင်းများနှင့် ငမိုးရိပ်ချောင်း ရေကာတာ တို့အားကြည့်ရှုကာ မြို့တော်စည်ပင်နှင့်ညှိုနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည် 
Monday 9 April 2012
အဓီပတိ ယာဉ်လိုင်းမှ မင်းမဲ့စရိုက် ဆန်ဆန် ပြုမူမှု
                                 သန်းထွန်း (tgkn)
.၄.၂၀၁၂ နေ့ ညနေ ၃း၀၀ နာရီခန့်တွင်ဦးစိန်သန်း၏နေအိမ်သို့ သင်္ဃန်းကျွန်းပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်ဦးသိန်းညွန့်၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦကျော်နှင့် NNDP ပါတီဒုဥက္ကဌ ဦးဝင်းရွှေ တို့
သွားရောက်ခဲ့သည်၊ ဦးစိန်သန်း၏နေအိမ်တွင်လေးဒေါ့င်ကန်ရပ်ကွက်အတွင်းမှရပ်မိရပ်ဖများရပ်ကွက်အုပ်ချုပ်
ရေးမှုးအပါအဝင် လူ၂၀ ခန့် မှ ၄င်းနေ့တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်အသေးစိတ်ကိုရှင်းလင်းပြောကြားကြပါ
သည်၊၄င်းနောက် အဆိုပါဗန္ဓုလသယ်ယူပို့ဆောင်ရေး လက်အောက်ရှိ အဓိပတိ အဖြူ မော်တော်ယဉ် ၂ စီး
ဖြင့် လိုက်ပါလာသည့် သင်္ဃန်းကျွန်းမြို့နယ်လေးဒေါင့်ကန်ဈေးအတွင်းသို့ ဝင်ရောက်လာပြီး ဦးဝင်းသိန်း၏
မီးသွေးဆိုင် နေကာအမိုးအားရိုက်ချိုးဖျက်စီးခဲ့သည့် တန်ဖိုးငွေ ၈၀၀၀ ကျပ်ခန့်၊ဒေါ်တင်တင်နိုင်၏ဘဲဥရောင်း
သည့်ဆိုင် ဘန်းအားရိုက်ချိုးသွားသည့်အတွက် ဆုံးရှုံးမှု တန်ဖိုးငွေ ၈၀၀၀ ကျပ်ခန့်၊ဒေါ်ခင်မြမူ၏ အအေးဆိုင်
အား ရိုက်ချိုးဖျက်စီးခဲ့သဖြင့် တန်ဖိုးငွေ ၂၀၀၀ ကျပ်ခန့် ၊ဒေါ်မာလာ၏ ကွမ်းယာနှင့်မုန့်ဆိုင်အား ဖျက်စီးခဲ့သည့်
တန်ဖိုးငွေ ၃၀၀၀ ကျပ်ခန့် ဆုံးရှုံးသွားသည်ကို ဦးသိန်းညွန့်နှင့်အဖွဲ့မှ အဆိုပါဆိုင်ပိုင်ရှင်များနှင့် ပျက်စီးမှုအသီး
သီးများကို ကွင်းဆင်း လေ့လာကြည့်ရှုခဲ့ပါသည်။
ကြားခဲ့ရာ ရဲစခန်းမှ အဆိုပါမင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားခဲ့သော လူ ၃၀ ခန့်အပေါ် ဥပဒေပုဒ်မ ၂၉၄ (ဆဲဆိုမှု)
၃၂၃ ရိုက်နှက်မှု ၅၀၆ ကြိမ်းမောင်းချိန်းခြောက်မှု ၁၁၄ အားပေးကူညီမှု တို့ဖြင့်အရေးယူထားသော်လည်းဆိုင်
ခန်းများ ဖျက်စီးမှုအတွက် အကျိုးပျက်စီးမှု ပုဒ်မ ပါထည့်သွင်းပေးရန် လိုအပ်သည်ဟု သုံးသပ်ခဲ့ပါသည်
            ရပ်ကွက်သူရပ်ကွက်သားများမှ၎င်းအဖြစ်အပျက်အား အမှုမှန်ပေါ်ပေါက်ရေးအတွက်ရပ်ကွက်ပြည်သူ
များမှတောင်းဆိုကြသည့်အပြင် ထိရောက်ဟန့်တားသော ပြစ်ဒဏ်ချမှတ်ရန် လိုအပ်ကြောင်းတင်ပြကြပါသည်၊
        ဦးသိန်းညွန့်နှင့်အဖွဲ့ကယင်းကိစ္စအား တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အထိသယ်
ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်လာပါက NNDP ပါတီရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွား
မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။                               သန်းထွန်း (tgkn)
ပြည်တွင်းဂျာနယ်တွင် ဖေါ်ပြခွင့်မရခဲ့တဲ့ဆောင်းပါး
သူ့အတွေးအမြင်
                   “ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသော အစိုးရနှင့် ပြည်သူ”
                                                                                       ---သန်းထွန်း(tgkn)
                                                                                           ၉။၎။၂၀၁၂
လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကို လွှတ်တော်အသီး သီးအတွင်းမှ ပြည်သူ့ကိုယ်စား တင်ပြပေးဖို့ ရွေးကောက်ပွဲ တွေကနေ တဆင့်ပြည်သူတွေရဲ့ ကိုယ်စားလှယ် အဖြစ် စနစ်တကျ ရွေးချယ်တင်မြောက် ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် များပါ၊
တစ်နည်းဆို ရသော် ပြည်သူရဲ့ခိုင်းဘတ်၊ ပြည်သူ့အစေခံပါ၊
မြန်မာနိုင်ငံသည်ရာစုနှစ်ဝက်ခန့် လွှတ်တော်နိုင်ငံရေး ကွင်းဆက်ပြတ်ခဲ့သည်မှာ စာရေးသူတို့ နိုင်ငံရဲ့ ကံကြမ္မာ မဟုတ်ပါလော၊
၂၁ ရာစု ၏နိုင်ငံရေးအခင်း အကျင်းကို သွားလေသူ နအဖ တပ်မတော်အဆိုးရ မှ လမ်းပြမြေပုံ၏ အချက် ၇ ချက်ကိုအခြေခံကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်နဲ့အညီ ၂၀၁၀ခုနှစ်တွင်အ ထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ပြုလုပ် ပေးကာ စစ်တပ်မှ တိုင်ပြည်ရေးရာကို စီမံအုပ်ချုပ်ခဲ့သည့် အစိုးရစနစ်မှ ပြည်သူ့ကိုယ်စား လှယ်များဖြင့် တိုင်းပြည်ရေးရာ အဖြာဖြာကို စီမံအုပ်ချုပ်သည့် လွှတ်တော်နိုင်ငံရေး အခင်းအ ကျင်းကို မွေးဖွား ပေးခဲ့ပြီးဖြစ်ပါသည်။
လွှတ်တော်နိုင်ငံရေးအခင်းအကျင်းမှသည် အခြေခံဥပဒေအရ နိုင်ငံ၏ ဥသျှောင် တစ်နည်းဆိုရ သော် နိုင်ငံ့ခေါင်းဆောင် အဖြစ် သမ္မတ ဦးသိန်းစိန်အားပြည်သူ့ကိုယ်စားလှယ်များမှ ရွေးချယ်ခန့်အပ်ပြီး ဖြစ်ပါသည်၊နိုင်ငံတော်သမ္မတသည်လည်း၎င်းတာဝန်ယူ သည့် အစိုးရအဖွဲ့ကို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်း တဲ့အဆိုးရတစ်ရပ် ဖြစ်အောင် လန်းညွှန်သည့် မိန့်ခွန်းတစ်ရပ်သည် ပြည်သူတွေဝမ်းသာပီတိခဲ့ရပါပြီ။
နိုင်ငံတော်သမ္မကြီး၏ လမ်းညွှန်မိန့်ကြားချက်ကို ပေါက်မြောက် အောင်အကောင် အထည် ဖော်ဆောင် ရမည့်နေရာမယ် လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံငံ့ဝန်ထမ်း များနှင့် ပြည်သူတို့မှ ဟန်ချက်ညီအပြန်အလှန် လေးစားမှု၊အပြန်အလှန်ယုံကြည်မှု၊အပြန်အလှန်နားလည်မှုတို့ကိုအခြေခံကာ စေတနာမှန်ခြင်း၊လုပ်နည်းလုပ် ဟန်မှန်ကန်ခြင်း၊ရည်ရွယ်ချက်မှန်ကန်ခြင်းဆိုတဲ့ မှန် ၃ မှန်နဲ့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြမည်ဆို လျှင် အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ရုပ်လုံးပေါ်လာမှာ ဧကံမလွဲပါ။
ဒီနေရာမှာ စာရေးသူတင်ပြခဲ့သည့် လူတန်းစား ၃ခုသည်ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင် ရေးအတွက် အခရာကျလှသည်ကို စာဖတ်သူများသတိထားမိစေချင်ပါတယ်၊ ဘာပြုလို့လဲဆိုတော့ တိုင်းပြည်မှာ ၂၆ နှစ်ကျော်တစ်ပါတီစနစ်နဲ့ အုပ်ချုပ်သွားတဲ့ မဆလ ပါတီရဲ့ အဆိုးရအဖွဲ့မှ သမ္မကြီး ဦးနေဝင်းသည်လည်း တိုင်းပြည်အတွက် ကောင်းကျိုးပြုစေမဲ့ မြောက်များစွာသော မိန့်ခွန်းတွေ၊ လမ်းညွှန်ချက်တွေ ချပြပေးခဲ့ပေမယ့် လက်တွေ့ဘဝမှာ အဆိုပါ လူတန်းစား၃ ရပ်နဲ့ မှန် ၃မှန် တို့ဟာ ဟန်ချက်မညီမှုနှင့် သဟဇာတ မရှိခဲ့ခြင်းကြောင့် ၈၈ ခုနှစ်မှာ ပါတီနဲ့ အစိုးရအဖွဲ့သည်လဲ ဘုန်းဘုန်းလဲ ကျခဲ့ရသည့် သာဓက ဟာလည်း ပူပူနွေးနွေး ရှိတဲ့ သမိုင်းရဲ့ သင်္ခန်းစာအဖြစ် သံဝေဂ ယူကြရမှာပါ။
မိုးကျရွှေကိုယ်ကိုယ်စားလှယ်
လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အထက်မှာတင်ပြခဲ့သလို ပြည်သူရဲ့အစေခံ အဖြစ်မှသွေဖယ်ကာ ခေါင်းပေါင်းစတလူလူနဲ့ ညာချနေမယ်၊ ငါဆိုတဲ့ မာန်မာနတွေကိုတံခွန်ထူ နေမယ်၊စိတ်ကြီးဝင်ပြီး သွေးကြီးနေမယ် ကိုယ့်ကိုကိုယ် မိုးကျရွှေကိုယ်လို သဘောထားပြီး သွေး နထင်ရောက်နေမယ်၊လွှတ်တော်အတွင်းမှာ လက်ညှိုး ထောင်ခေါင့်ညှိတ် လုပ်နေမယ်၊ ပြည်သူလူထုနဲ့ကင်းကွာနေမယ် ဆိုရင်တော့ အဲဒီပိုဂ္ဂိုလ်ဟာ အမည်ခံလွှတ်တော် ကိုယ်စားလှယ် တစ်ဦးထက်မပိုတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့် သက်ဆိုင်ရာ မဲဆန္ဒနယ် မှ မဲဆန္ဒရှင်များမှ အချိန်မရွေးပြန်လည်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပိုင်ခွင့်နဲ့ပြန်လည်ပြီးရုပ် သိမ်းခံရမှာပါ၊
ဗျူရိုကရေစီရန်းတရား
ပြည်သူ့ဝန်းထမ်းဆိုရာ တွင် လည်း ဝန်းထမ်းများအနေနဲ့ ပြည်သူတွေရဲ့ အခွန်အခတွေက ရရှိတဲ့ ဘဏ္ဍငွေတွေကို လစာအဖြစ် ခံစားနေကြရတာကို မျက်ကွယ်ပြုပြီး ပြည်သူကို ကျေးဇူးရှင်လို မမှတ်ယူဘဲ မထီ လေးစား ဆက်ဆံခြင်း၊
တစ်နေ့တည်းပြီးရမည့် အလုပ်ကို ပြီးစီးအောင် မလုပ်ပေးဘဲ ရက်ချိန်တွေ အထပ် ထပ်ပေးခြင်း၊
အထက်အရာရှိကို မြှောက်ပင့် ပေါင်းသင်းပြီး အောက်လိုက် ငယ်သားများအား ဖိနှိပ်ဆက်စံခြင်း၊
တံစိုးလက်ဆောင်ရမှ အလုပ်လုပ် တတ်ခြင်း၊
တိုင်းပြည် ဘဏ္ဍငွေကို အလွဲသုံးစားပြုခြင်း၊
ရရှိထားသည့် တာဝန် နဲ့လုပ်ပိုင်ခွင့်ကိုတလွဲအသုံးချခြင်း၊
ပြည်သူအပေါ်စေတနာမထားခြင်းကိုယ်ခြင်းစာနာစိတ်မထားခြင်း၊
ယဉ်ကျေးမှု ခေါင်းပါးစွာရိုင်းပြစွာဆက်စံခြင်း၊
စသည့်ဝန်းထမ်းကျင့်ဝတ်တွေကို အလေးမထားမပြုပြင်ဘဲ ယခင်လုပ်ရိုးလုပ် စဉ်တွေနဲ့ခေါက်ရိုး ဆက်ပြီး ကျိုးနေအုံးမယ် ဆိုရင် ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မလွှဲမသွေခံကြရမှာပါ။
ပြည်သူ့တာဝန်ကျေရမည်
နိုင်ငံတော်သမ္မကြီးရဲ့ လမ်းညွှန်မှုတွေကိုအကောင်အထည် ဖေါ်ဆောင်တဲ့နေရာမယ် ပြည်သူလူထုက လွှတ်တော် ကိုယ်စားလှယ်များနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အဓိကအခန်း ကဏ္ဍမှ ထိမ်းကျောင်းဖို့ တိုက်ရိုက်တာဝန်ရှိ သူတွေအဖြစ် မှတ်ယူရ မှာပါ၊
အထက်မှာဖေါ်ပြခဲ့တဲ့ လူတန်းစားနှစ်ရပ်ကို လုပ်ထုံးလုပ်နည်းတွေနဲ့ကိုက်ညီအောင် တာဝန်ကျေသူ တွေဖြစ်အောင် ပြည်သူက သမ္မတကြီးကိုယ်စား ထိမ်းကျောင်းပေး ရမဲ့ ကွင်းလယ်ဒိုင် လူကြီးတွေ ပါ၊
လွှတ်တော်ကိုယ်စားလှယ် တွေကို ခိုင်းဖို့ ပြည်သူလူထုမှာ တာဝန်ရှိပါတယ် ။
ကိုယ့်ရဲ့ရပိုင်ခွင့်တွေ၊ ဆုံးရှုံးနစ်နာမှု တွေကို သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်မှ တဆင့် လွှတ်တော်အတွင်း လုပ်ငန်းများ အတွက် အဆိုများ၊မေး ခွန်းများ ကိုပေးပို့ချင်း၊ လွှတ်တော်ပြင်ပ လုပ်ငန်းများ အတွက် ဥပမာ စီပင်ကိစ္စ၊ကျမ်းမာရေး ကိစ္စအဝဝ၊ ပညာရေး ကိစ္စများ၊ လဝကနှင့် ပါတ်သက်သည့် ကိစ္စများ၊တရားရုံးနှင့် ပါတ်သက်သည့် ကိစ္စများ စသည့်ကိစ္စ အဝဝကို စည်းမျဉ်း စည်းကမ်းလုပ်ထုံး လုပ်နည်းတွေနဲ့ အညီတင်ြပ အကူအညီ တောင်းခံခြင်းများ ပြုလုပ်လာပါက လွှတ်တော်ကိုယ် စားလှယ်များမှ သက်ဆိုင်ရာ ဌာနအသီးသီး များမှ တာဝန်ရှိသည့် ဝန်ထမ်းများနှင့် ပူးပေါင်း ညှိုနှိုင်းကာပြည်သူတွေ ရဲ့အခက် အခဲများကို ဖြေရှင်းပေး လို့ရသည့် နည်းလမ်းများ ရှိနေပါသည်၊
ဥပမာဆိုရသော် သင်္ဃန်းကျွန်းမှ ဦးသိန်း ညွန့်ဦးဆောင်သည့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ထုံးလုပ်နည်း များကို နမူနာယူသင့်သည်၊
ပြည်သူလူထု အနေဖြင့်လွှတ်တော် ကိုယ်စားလှယ်များအပေါ် လေးစားပါ၊ အထင်မကြီးပါနှင့်၊
ချစ်ခင်ပါအလိုမလိုက်ပါနှင့်။
မြန်မာလူ မျိုးတို့၏ထုံးတမ်းအစဉ်အလာအရ ဧည့်ခံပါ တံစိုးလက်ဆောင် မပေးပါနှင့် မိမိရဲ့ အခက်အခဲများကို ကူညီဖြေရှင်း ပေးသူအဖြစ် မှတ်ယူပါ ကျေးဇူးရှင် တစ်ယေက်လို မမှတ်ယူပါနှင့် ။
ဘာပြုလို့လဲဆိုတော့ ပြည်သူတွေက မိမိရဲ့ရပိုင် ခွင့်တွေကို ကူညီဖြေရှင်း ပေးဘို့ ရွေးချယ်ပြီးခန့်အပ် ထားသည့်အတွက် ကြောင့်ပြည်သူ့ ကိုယ်စားလှယ်ဖြစ်သည် နှင့်အညီ ပြည်သူကို ပြန်လည်ပြီး အလုပ်အကြွေးပြု ရမည့်သူများ ဖြစ်နေလို့ပါ၊
ပြည်သူတွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်ကိုဖြစ်စေ ဌာနဆိုင်ရာ ဝန်ထမ်းများကိုဖြစ်စေ ဥပဒေနှင့် မညီညွတ်သည့် အတ္တကိုအခြေခံသည့် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို ဖီလာဆန့်ကျင်ပြီး တင်ပြချင်း တောင်းဆိုခြင်းများ မပြုလုပ်မိရန်လည်း အရေးကြီးပါသည်၊
ဥပမာ မိမိက ကိုယ်ပိုင်ဆိုင်ထားတဲ့ မြေဧရိယာကိုကျော်လွန်ကာ လမ်းမြေအပေါ်သို့ ဆိုင်ခန်း များတက်ဆောက်ပြီးစီးပွားရှာနေတဲ့ နေရာကို စီပင်ဝန်ထမ်းများမှ ရေနှုတ်မြောင်း တူးဖေါ်ဖို့ ကျူးကျော် အ ဆောက်အဦး အားဖျက်ပေးဖို့ တောင်းဆိုရာတွင် မဖျက်ပေးဘဲ လွှတ်တော် ကိုယ်စားလှယ်များထံသွားရောက် တိုင်တန်း အကူအညီ တောင်းခံ မည်ဆိုပါက တရားဥပဒေရဲ့ ဘောင်အပြင်ဘက်ဖြစ်နေ၍ အချီးအနှီုးဖြစ်ရမှာပါ၊
ဒီမိုကရေစီအစိုးရ ဆိုတာတနည်းဆိုရသော် လူထုအစိုးရပါ အခက်အခဲနဲ့ ပြဿနာတွေကြုံလာရင် အစိုးရတစ်ခုထဲကို လက်ညှိုးထိုး အပြစ်တင်လို့မရပါ ပြည်သူတွေက ကိုယ့်တာဝန်ကို ကိုယ်ကိုတိုင် ကကော ကြေ ပွန်ရဲ့လားဆိုတာ မိမိကို မိမိပြန်ပြီး မေးခွန်းထုတ်သင့်ပါတယ်၊
ဥပမာ ရေမီတာခ၊ လျှပ်စစ်မီတာခ၊ ဆိုင်ခွန်၊အမြတ် တော်ခွန်၊ လုပ်ငန်းခွန် စတဲ့ အခွန်ကိစ္စ အဝဝတွေကို သမရိုးကျမဟုတ်ဘဲ ဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ လက်ဝါး ခြင်းရိုက်ကာ အခွန် တိမ်းရှောင်ခြင်း၊ အခွန် လျှော့နဲစေအောင် စာရင်းဇယားများ မမှန်မကန် ပြု၍ တင်ပြချင်းစ သည့်လုပ်ဆောင် ချက်များသည်နိုင်ငံသား တစ်ယောက်ရဲ့တာဝန်မကြေယုံ တစ်ခုတည်း မဟုတ်ဘဲ ဝန်းထမ်းများ ၏စာရိတ္တ ကိုပါပျက်စီးစေတဲ့ နည်းလမ်းများဖြစ်နေသည်ကို သတိချပ် စေချင်ပါသည်။
စာရေးသူတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းအပေါ် လွှတ်တော်နိုင်ငံရေးမှ တဆင့် ချီ တက်နေသည့် နိုင်ငံ၏ အရွေ့တစ်ခုပေါ် ပြည်သူလူထုသည် လွန်စွာအရေးကြီးသည့် တာဝန်ကို ယူထားရသူ များအဖြစ် သတိချပ် စေချင်ပါသည်၊
နိုင်ငံ၏အကောင်းဘက်ကိုဦးတည်နေသည့် အခြေအနေတွင် တစ်ချိန်က ဆိုးမွေများရဲ့ ခါးသီးလှတဲ့ သင်္ခန်းစားများကို သွေဖယ်ကာ လူတန်းစား သုံးရပ်မှ ဟန်ချက်ညီ လုပ်ဆောင်ခြင်း သည် သမ္မတကြီး၏ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖေါ် ဆောင်ရာရောက် စေပြီး ဝန်ထမ်းများနှင့် လွှတ်တော် ကိုယ်စားလှယ် များကိုလဲ ထိန်းကျောင်းကာ တာဝန်ကျေပွန်သည့် နိုင်ငံသားများ အဖြစ်ခံယူစေပြီး လွှတ်တော် ကိုယ်စားလှယ်၊ နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူလူထုတို့သည် တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ အရေး၊ လူ့အခွင့် အရေးများကို စောင့်ထိန်းလိုက်နာ ကြဖို့ တာဝန်ရှိသည့် သူများပီပီ ဟန်ချက်ညီစွာဖြင့် တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးကို ဆောင်ရွက်နိုင်ကြသည့် နိုင်ငံ့သားကောင်းများအဖြစ် ရပ်တည်နိုင်ကြ ပါစေလို့ ဆန္ဒပြုလိုက်ရပါသည်။
                                                                         --သန်းထွန်း(tgkn)
၈.၄.၂၀၁၂ နေ့ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးရဲဘော်များအား ဂုဏ်ပြုဧည့်ခံပွဲနှင့် အခမ်းအနားမှတ်တမ်း
            တက်ရောက်လာကြတဲ့ ပါတီဝင်တွေကို ဥက္ကဌ ဦးသိန်းညွန့်မှ ဧည့်ခံနေတာဖြစ်ပါတယ်
                                   ပါတီဥက္ကဌလဲ လက်ရည်တပျင်တည်း ဆွဲနေပြီ
                                    တက်ရောက်လာကြတဲ့ ပါတီဝင်တစ်ဦး မှ                                             ကြားဖြတ်ရွေးကောက်ပွဲကာလ ဖြတ်သန်းမှုခံစားချက်အားဆွေးနွေးနေပုံ
       ပါတီဥက္ကဌ မှ ၄င်းဖြတ်သန်းခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများအား ရှင်လင်းဆွေးနွေးနေပုံ
                                             ၈.၄.၂၀၁၂ အခမ်းအနားသို့တက်ရောက်လာကြသော ပါတီဝင်များ
ဧည့်ခံကျွေးမွေးရေး အစီအစဉ်ကို နံက် ၁၀း၃၀ မှာစတင်ပါတယ် အခမ်းအနားအစီအစဉ်ကိုတော့ ၁၁း၀၀ မှာ စတင်ခဲ့ပါတယ် အခမ်းအနားမှုးအဖြစ် ရုံးအဖွဲပမှုး ဦးမျိုးထွန်းကဆောင်ရွက်ပြီး သဘာပတိအဖြစ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မှ တာဝန်ယူခဲ့ပြီး NNDP ပါတီမှကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းသုံးဦးဖြစ်ကြသည့်ဦးဖုန်းမြင့်၊ ဦးဝင်းရွှေ၊ ကိုရသ တို့မှ ရွေးကောက်ပွဲ အတွေ့အကြုံများကို ရှင်လင်းခြင်း ခံစားချက်များအား ပြောကြားခြင်း အစီအစဉ် တွင် ကိုယ်စားလှယ်လောင်းသုံးဦးမှ မိမိတို့တွေကြုံခံစားရသည်များအား ရှင်းလင်ရာတွင် စိတ်ဓါတ်မကျခဲ့ကြောင်း ယခုအရှုံးကို နမူနာယူပြီး ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်ကြရန်နှင့် အာဏာရပါတီနှင့် ပေါ်ပြူလာပါတီ အား ယှဉ်ပြိုင်နိုင်ခဲ့သည့် လသားသာရှိသေးသည့် မိမိတို့ပါတီအတွက်ဂုဏ်ယူမိကြောင်း ပြောကြားကြပြီး ကိုရသကတော့ ယနေ့မှ စတင်ပြီး ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ကြသည်၊၄င်းအစီအစဉ် နောက်တွင် ဗဟိုအောင်နိုင်ရေးအတွင်းရေးမှုး ဦးသန်းထွန်းမှ ၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွေအကြုံများနှင့် နှိုင်းယဉ်ကာ ယခုကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ်းခဲ့ခြင်းအပေါ် သုံးသပ်ဆွေးနွေးပြီး အောင်နိုင်ရေးရဲဘော်များအားကျေးဇူးတင်စကားပြောကြားခဲ့သည် ၄င်နောက်တက်ရောက်လာကြသည့် ပါတီကေဒါများမှ ၄င်းတို့တွေကြုံ ခံစားရသည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး ပါတီဥက္ကဌ ဦးသိန်းညွန့်မှ ၄င်းဖြတ်သန်းခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများကို ဆွေးနွေးပေးခဲ့ပြီး အခမ်းအနားကို ၂း၄၀ တွင် အဆုံးသတ်ခဲ့သည်။
Thursday 29 March 2012
29.3.2012 မရန်းကုန်းမြို့ နယ်သို့ အောင်နိုင်ရေးခရီးစဉ်
                                  ပါတီခေါင်းဆောင် ဦးသိန်းညွှန့် ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း     ဦးရဲမင်းသိန်း(ခ) ကိုရသ နှင့် မရန်းကုန်းမြို့ နယ်ရှိမဲဆန္ဒရှင်ပြည်သူများနှင့်အမှတ်တရ
 ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း(ခ)ကိုရသကမဲဆန္ဒရှင်လူထုကိုနွေးထွေးစွားနုတ်ဆက်နေပုံ
 ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း(ခ)ကိုရသ ကအမှတ်တရလက်မှတ်ထိုးပေးနေပုံ
                                 ပါတီခေါင်းဆောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်                   ဦးသိန်းညွှန့် မှမဲဆန္ဒရှင်တစ်ဦးကိုနွေးထွေးစွာနှုတ်ဆက်နေပုံ
                               ကိုရသ ကမဲဆန္ဒရှင်တစ်ဦးကိုနှုတ်ဆက်နေပုံ
ကျောသားရင်သားမခွဲခြားဘဲ ပါတီဝင်ရဲဘော်များနှင့်လက်ရည်တစ်ပြင်တည်းထမင်းစားနေသူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် 