Monday 9 April 2012

၈.၄.၂၀၁၂ နေ့ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးရဲဘော်များအား ဂုဏ်ပြုဧည့်ခံပွဲနှင့် အခမ်းအနားမှတ်တမ်း

            တက်ရောက်လာကြတဲ့ ပါတီဝင်တွေကို ဥက္ကဌ ဦးသိန်းညွန့်မှ ဧည့်ခံနေတာဖြစ်ပါတယ်
                                   ပါတီဥက္ကဌလဲ လက်ရည်တပျင်တည်း ဆွဲနေပြီ
                                    တက်ရောက်လာကြတဲ့ ပါတီဝင်တစ်ဦး မှ                                             ကြားဖြတ်ရွေးကောက်ပွဲကာလ ဖြတ်သန်းမှုခံစားချက်အားဆွေးနွေးနေပုံ
       ပါတီဥက္ကဌ မှ ၄င်းဖြတ်သန်းခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများအား ရှင်လင်းဆွေးနွေးနေပုံ
                                             ၈.၄.၂၀၁၂ အခမ်းအနားသို့တက်ရောက်လာကြသော ပါတီဝင်များ
ဧည့်ခံကျွေးမွေးရေး အစီအစဉ်ကို နံက် ၁၀း၃၀ မှာစတင်ပါတယ် အခမ်းအနားအစီအစဉ်ကိုတော့ ၁၁း၀၀ မှာ စတင်ခဲ့ပါတယ် အခမ်းအနားမှုးအဖြစ် ရုံးအဖွဲပမှုး ဦးမျိုးထွန်းကဆောင်ရွက်ပြီး သဘာပတိအဖြစ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မှ တာဝန်ယူခဲ့ပြီး NNDP ပါတီမှကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းသုံးဦးဖြစ်ကြသည့်ဦးဖုန်းမြင့်၊ ဦးဝင်းရွှေ၊ ကိုရသ တို့မှ ရွေးကောက်ပွဲ အတွေ့အကြုံများကို ရှင်လင်းခြင်း ခံစားချက်များအား ပြောကြားခြင်း အစီအစဉ် တွင် ကိုယ်စားလှယ်လောင်းသုံးဦးမှ မိမိတို့တွေကြုံခံစားရသည်များအား ရှင်းလင်ရာတွင် စိတ်ဓါတ်မကျခဲ့ကြောင်း ယခုအရှုံးကို နမူနာယူပြီး ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်ကြရန်နှင့် အာဏာရပါတီနှင့် ပေါ်ပြူလာပါတီ အား ယှဉ်ပြိုင်နိုင်ခဲ့သည့် လသားသာရှိသေးသည့် မိမိတို့ပါတီအတွက်ဂုဏ်ယူမိကြောင်း ပြောကြားကြပြီး ကိုရသကတော့ ယနေ့မှ စတင်ပြီး ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ကြသည်၊၄င်းအစီအစဉ် နောက်တွင် ဗဟိုအောင်နိုင်ရေးအတွင်းရေးမှုး ဦးသန်းထွန်းမှ ၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွေအကြုံများနှင့် နှိုင်းယဉ်ကာ ယခုကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ်းခဲ့ခြင်းအပေါ် သုံးသပ်ဆွေးနွေးပြီး အောင်နိုင်ရေးရဲဘော်များအားကျေးဇူးတင်စကားပြောကြားခဲ့သည် ၄င်နောက်တက်ရောက်လာကြသည့် ပါတီကေဒါများမှ ၄င်းတို့တွေကြုံ ခံစားရသည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး ပါတီဥက္ကဌ ဦးသိန်းညွန့်မှ ၄င်းဖြတ်သန်းခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများကို ဆွေးနွေးပေးခဲ့ပြီး အခမ်းအနားကို ၂း၄၀ တွင် အဆုံးသတ်ခဲ့သည်။

No comments:

Post a Comment