Wednesday, 22 February 2012 09:57 | |
![]() ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က''ကျွန်တော် ဒီအဆိုကို ဘာကြောင့်တင်သွင်းရတယ်ဆိုတဲ့အချက်ကို မတင်ပြခင် ဦးစွာတင်ပြချင်တဲ့အချက်က ဒီအဆိုဟာ ကျွန်တော်တို့နိုင်ငံ အနာဂတ်ရှေ့ရေးအတွက် အရေးကြီးတဲ့ လုပ်ကိုလုပ်ရမယ့် အချက်တစ်ချက်လို့ ရိုးသားစွာ ယုံကြည်တဲ့အတွက် ဒီအဆိုကို လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ပါတယ်''ဟု ဦးစွာပြောကြားခဲ့သည်။ ''ကျွန်တော်တို့နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုကို တားဆီးဖို့ ကိုလိုနီခေတ်ကပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီး ဥပဒေအပါအ၀င် ပြစ်မှုဆိုင်ရာ ဥပဒေမှာလည်း အခန်း(၉)မှာ ပတ်သတ်ပြီးတော့ ပြစ်ဒဏ်များပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီအခန်း (၉)မှာပါတဲ့ ပုဒ်မ(၁၆၁) (၁၆၂)၊ (၁၆၅)စတဲ့ စကားလုံးပါ လာဘ်ပေးလာဘ်ယူအပြင် တံစိုးဆိုတဲ့စကားကို ထည့်သွင်းထားပါတယ်။ သို့သော် အားလုံးသိတဲ့အတိုင်း အခြေအမြစ်ကစတင်ပြီး ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်တဲ့အတွက် ဒီဥပဒေတွေရဲ့ အာနိသင် မထိရောက်ခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း တင်ပြရရင် သာမန် ၀မ်းမ၀လို့ သီလမစောင့်နိုင်တဲ့လူတွေ၊ သီလမစောင့်နိုင်တာထက်ကို ၀မ်းဝပြီး ပြည့်စုံနေတဲ့ အင်မတန်မှ ထားစရာမရှိဘဲ ရှေ့ရောက်နေတဲ့သူတွေကိုယ်တိုင်က မိမိတာဝန်ကို အာဏာအလွဲသုံးစားပြီး ပြောင်ပြောင်တင်းတင်း လုပ်လာကြတဲ့အခါမှာ ကျွန်တော်တို့ လမ်းစဉ်ပါတီခေတ်ကပင် တာဝန်ကြီးတဲ့ ခေါင်းဆောင်ကြီးတွေက ဆိုရှယ်လစ်စနစ်နဲ့ပဲသွားသွား၊ ဘာစနစ်နဲ့ပဲသွားသွား သူလည်း နိုင်ငံတကာရောက်ခဲ့တဲ့အခါမှာ လာဘ်ပေးလာဘ်ယူရှိနေရင်တော့ တို့နိုင်ငံသွားရမယ့်မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ အောင်မြင်မှာမဟုတ်ဘူးလို့ယူဆပြီး ပြောယုံတင်မကဘဲ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒါက တရားမ၀င်သောနည်းလမ်းဖြင့်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့်ဥပဒေ၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁၉၈၆ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ၃(၈၆)မှာ တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ပစ္စည်းဆိုသည်မှာ ဥပဒေက ခွင့်မပြုသော စီးပွားရေးလုပ်ငန်းမှ ရတဲ့ငွေ၊ ဥပဒေနဲ့ ဆန့်ကျင်ပြီး ရရှိသောငွေ၊ ဥပဒေနှင့်အညီ အခွန်များ ပေးဆောင်ခြင်းမပြုဘဲ ထိန်ချန်ထားသော အခွန်လို့ ပါပါတယ်။ အခုအားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွန်တွေမရတဲ့အတွက် နိုင်ငံတော်မှာ အင်မတန် နစ်နာဆုံးရှုံးနေပါတယ်။ အဲဒီတော့ ဥပဒေနဲ့အညီ အခွန်များကို ပေးဆောင်ခြင်းမပြုဘဲ ထိန်ချန်ထားတာတွေက အခုတည်ဆဲဥပဒေဖြစ်တဲ့ တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူတဲ့ ဥပဒေနဲ့လည်း အကျုံးဝင်နေပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာလည်း ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုကျုးလွန်ရာမှာရသော ငွေကြေး၊ ပစ္စည်းကိုပြောင်းလဲတာ၊ လွှဲပြောင်းတာ၊ ဖုံးကွယ်တာ၊ ဖျောက်ဖျက်တာ၊ အသွင်ပြောင်းလဲတာတွေက တရားမ၀င်နည်းလမ်းနဲ့ရရှိတဲ့ ငွေကြေးဥပဒေနဲ့တူပါတယ်။ ဒီဥပဒေနဲ့ ၁၉၄၈ အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေတို့နဲ့ ခြားနားချက်ကတော့ လာဘ်ပေးလာဘ်ယူကိစ္စတွေမှာ ပေးသူရော၊ ယူသူရော ပြစ်မှုနယ်ပယ် ကျရောက်ပါတယ်။ အခုကျွန်တော်တို့ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိတဲ့ငွေကြေးနဲ့ ပစ္စည်းထိန်းချုပ်ရေးဥပဒေမှာတော့ ပုဒ်မ ၈(ည)အရ တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ငွေကြေးနဲ့ ပစ္စည်းများနှင့်စပ်လျဉ်းပြီး သတင်းပေးသူအား လို အပ်သော အကာအကွယ်ပေးခြင်းနှင့် ထိုက်သင့်သည့်သူများ ချီးမြှင့်ခြင်းအထိ ပြဋ္ဌာန်းပေးထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ ဥပဒေမလုံလောက်တာ မဟုတ်ပါဘူး။ ပြစ်မှုအရအရေးယူရမယ့် ဥပဒေ၊ ထိန်းချုပ်ဖို့ ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်ပါပြီ။
''တချို့နိုင်ငံတွေမှာတော့ သမ္မတရုံးရဲ့ ထိန်းချုပ်မှုအောက်မှာထားပြီး ကော်မရှင်တွေနဲ့ အရေးယူဆောင်ရွက်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီမှာတော့ သက်ဆိုင်ရာက လွတ်လပ်ပြီး အများယုံကြည်လက်ခံနိုင်တဲ့ အမျိုးသားအဂတိလိုက်စားမှု တားမြစ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးဖို့ တင်ပြအပ်ပါတယ်''ဟု ဦးသိန်းညွန့်က ပြောကြားခဲ့သည်။ ဦးသိန်းညွန့်၏ အဆိုကို လွှတ်တော်မှလက်ခံဆွေး နွေးရန်သင့်၊ မသင့် အဆုံးအဖြတ်ရ ယူရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသဖြင့် လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ |
Thursday, 23 February 2012
အဂတိလိုက်စားမှုအဆို ဦးသိန်းညွန့် တင်သွင်း
Labels:
သတင်း
Subscribe to:
Post Comments (Atom)
Bottom Three Countries are
(178) Somalia
(177) Myanmar
(176) Afghanistan
http://www.transparency.org/policy_research/surveys_indices/cpi/2010/results
အင်မတန် ရှက်စရာကောင်းပါတယ်။ ပြည်ထောင်စုဝန်ကြီးမှစကာ အောက်ခြေအဆင်.ထိ တဖြေးဖြေး corruption ကင်းမယ်ဆိုရင် Investor နိုင်ငံများရဲ့ ယုံကြည်မှု.ကိုရနိုင်ပြီး နိုင်ငံတော်ကြီး ဒီထက်မက တိုးတက်နိုင်ပါသည်။ ဘယ်လောက်ထိစောင်.ရမလဲ။ 2014 လောက်မှာ CPI Bottom 10 စာရင်းမှ လွတ်ပါစေလို.ဆုတောင်းပါတယ်။
ှုI wonder why U Thein Nyunt waited this issue after 10 months of new Government. I think he is waiting for good timing. Bravo!!! လေးစားပါတယ်ခင်ဗျား။
လက်ညှိုးထောင် ခေါင်းငြိမ့်တွေ များလွန်းပါသေးတယ်..
လုံးဝ မှန်တယ်ဗျာ။
တိုင်းပြည်အတွက် တကယ်လိုအပ်ရင်၊ ကောင်းကျိုးလဲ ဖြစ်မယ်ဆိုရင် လုပ်ကိုလုပ်ရမှာပါ။ လုပ်သင့် လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ ကိုလုပ်ရမှာပါ။ ခပ် ပျော့ပျော့  လုပ်နေလို့ ကတော့  ဘာမ ဖြစ်လာမှာ မဟုတ်ဘူး။ ကြိုတင်သတိပေးပြီး ရေရှည် ထိထိရောက်ရောက် စီစစ် အရေးယူ မဲ့  အစီအမံတွေ လုပ်ရမှာပါ။ ကောက်ရိုးမီးလို မဖြစ်ဘို့ လဲ လိုပါတယ်။
နောက်ပီးတော့  နောက်ကြောင်းပြန် မသက်ရောက်စေရ ဆိုတဲ့  အခြေခံ ဥပဒေက နိုင်ငံရေး အတွက်ပဲ လက်ခံနိုင်မယ်။ ဒီ အကျင့်ပျက်ချစားမှု ၊အလွဲ သုံးစားမှု နဲ့  မသက်ဆိုင်ဘူးလို့ ယူဆတယ်။ ဒါဆိုရင် ပီးခဲ့ တဲ့  အစိုးရလက်ထက်က အမှုတွေ တလောကဘာလို့ ပြန် ပြန်စီစစ်နေတာလဲ။ ဘာသာရေးနဲ့  ကြည့် မယ် ဆိုရင် လဲ ဒီလောက် အကျင့် သီလ မကောင်းတဲ့  သူတွေ များပြားနေတဲ့  နိုင်ငံ ဘယ်လိုလုပ် တိုးတက်နိုင်မှာလဲ။ ဒီလိုအရေးကြီးတဲ့  အကျင့် ပျက်မှုတွေကို သေချာ မတားဆီးတာဟာ မကောင်းမှုကို အားပေးရာရောက်ပါတယ်။
ကျွန်တော် comment ရေးထားတာက လာဘ်ပေးလာဘ်ယူ သိသိသာသာ ရှင်းလင်းသွားပါလိမ့်မယ်လို့ ရေးထားတာပါ။ လုံးဝကင်းရှင်းသွားဖို့ကိုတော့ လွတ်တော် ပထမ(၅)နှစ်ကာလအတွင်း မမျှော်လင့်ပါ။
မြို့နယ်အဆင့် အရာရှိလောက်ပဲ စစ်ဆေးခိုင်းမှာလား။ အခြားအဆင့်တွေကိုတော့ လွတ်ပေးရမှာလား။ အရာရှိတိုင်းမချမ်းသာသလို ကညနမှာ ခဲခြစ်တဲ့ ရုံးအကူအဆင့်လောက်ကောင် တိုက်ဆောက်ကားစီး နေနိုင်တာတွေ ရှိပါတယ်။ ဦးရွှေမန်းကြီးကလည်း မနေ့  တစ်နေ့  က အတိအလင်းပြောထားပါတယ်။( သူ့  ကိုယ်သူ ကာတယ်လို့  လည်း ဆိုနိုင်ပါတယ်။) စစ်အစိုးရခေတ်က ဝါးမြိုထားတာတွေကို နောက်ကြောင်းပြန်ဖော် အရေးမယူရအောင် ဥပဒေ ပြဌာန်းထားပြီးသားပါတဲ့။ ဒီဖက် ၁၀လ အတွင်းကာလ မပါဘူးနော်
အဂတိရောဝိတ်ရောသုံးပြီးလုပ်ပိုင်ခွင့်ရယူတာလဲအများကြီးပါ၊၊လာဘ်မစားစားအောင်လိုက်ဖျက်ဆီးတဲ့သူရှိတယ်(သူ့အကျိုးလိုလို့လေ....ဒီလိုလူမျိုးတွေကလဲပြည်သူထဲကပဲ၊)လာဘ်မယူရင်တဖက်လှည့်နဲ့မကင်းအောင်လုပ်တတ်တယ်၊ကိုယ်ကကင်းလဲကိုယ့်ထက်ကြီးတဲ့သူမကင်းရင်ကိုယ့်ကိုပြန်ဖိတယ်၊တချို့ခရိုနီတွေကမိဘအရှိန်အ၀ါရှိတော့မိဘအရှိန်အ၀ါနဲ့ဖိတယ်၊ကိုယ်ကအဆင်ပြေအောင်လုပ်ပေးလိုက်ရင်ငြိမ်သွားတယ်၊ကြာလာတော့ကိုယ့်လူကြီးအမျက်တော်စူးရှမှာစိုးလို့(အလုပ်တစ်ခုရဖို့လဲမလွယ်ဘူးလေ)လုပ်ပေးရင်းနဲ့ကိုယ်ပါသာယာသွားတယ်၊တည်တည်တံ့တံ့နေတဲ့လူမှန်အရာရှိကြီးတွေကိုလဲသူတို့ရဲ့အညှာ(မိန်းမ၊မိသားစု၊အမျိုးတွေ)ကတစ်ဆင့်ဝင်တယ်၊မသိမသာပံ့ပိုးတယ်၊အရမ်းကျွံသွားမှရုန်းလို့မရတော့ဘူး၊၊ဒီလိုနဲ့ဝန်ထမ်းကောင်းတွေပျက်စီးသွားတယ်၊အဲဒီလိုအကျင့်မကောင်းတဲ့စီးပွားရေးသမားတွေပြည်သူထဲမှာ အများကြီး
။Good Government ဖြစ်ချင်ရင် ၊Good Businessmen, စိတ်ဓာတ်ကောင်းတဲ့ရသင့်တာထက်ပိုမလိုချင်တဲ့စီးပွားရေးသမားတွေလဲဖြစ်ရမှာပါ၊
တကယ်တော့ဝန်ထမ်းတင်မူတည်တာမဟုတ်ပါဘူး၊ လောဘကြီးပြီးကိုယ်ရသင့်တဲ့အခွင့်အရေးထက်ပိုလိုချင်ကြတဲ့လုပ်ငန်းရှင်နဲ့လူတွေအပေါ်မှာလဲမူတည်ပါတယ်၊
အားလုံးကို ချက်လက်မှတ်နဲ့ ပေးချေခိုင်းပါ။
ချလံထဲမှာကျသင်.တဲ.အတိုင်းမရေးဘဲ လျှော.ရေးဘို.ညှိရတာ
ချက်လက်မှတ်တော.ပေးပြီးဝယ်ပါရဲ. ပြီးမှ ဆိုင်ရှင်နဲ.ညှိပြိး
ကော်မရှင်ပြန်တောင်းတာ အဲလိုတွေလည်း၇ှိပါတယ်။
မမှန်မကန် တင်ပြတာ တွေ့ ရင် ထပ်ပြီးအရေးယူ။
အခုပြောတဲ့ အတိုင်းသာ သေချာ စစ်နိုင်ရင် သိမ်းလို့ ရဲ့ တဲ့ ငွေနဲ့ တင် ယခုလက်ရှိ ၀န်ထမ်းတွေ ကို ၅ နှစ်စာလောက် လစာပြန်ပေးလို့ ရတယ်။
ယခင်စီးပွား/ကူးသန်းဒုဝန်ကြီး၊ယခုအမျိုးသားလွှတ်တော်ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ထွန်း က စီး/ကူးတွင်တာဝန်ထမ်းဆောင်စဉ်က ၀န်ထမ်းထုတွေ့ဆုံပွဲတွင် ၀န်ထမ်းများလာဘ်ပေး/ယူမှုများမပြုလုပ်ကြရန် အမှာစကားပြောကြားစဉ် ညွှန်ကြားရေးမှူးဦးသန်းအောင် က၀န်ထမ်းအငယ်များလက်ဘက်ရည်ဖိုးတောင်းတော့ လာဘ်ပေးလာဘ်ယူလုပ်တယ် ညွှန်မှူးနဲ့အထက် လက်ဆောင်ခြင်းယူတော့ ဂါရ၀ လို့ပြောလိုက်တော့ ဒုဝန်ကြီးကရှက်ရှက်နဲ့ ဟေ့ကောင်သန်းအောင်မင်းပေါက်တတ်ကရတွေစကားတတ်တိုင်းမပြောနဲ့ငါကအထက်ကမှတဲ့
အတိုင်းပြောတာ ဒါ မူ ကွလို့ပြောတယ်။ဒီတော့ဦးသိန်းညွှန့်ရေ လာဘ်ပေးလာဘ်ယူ ၊တံစိုးလက်ဆောင်၊ဂါရ၀ စသဖြင့်ရှင်းလင်းစွာအဆိုတင်သွင်းရန်လိုအပ်ပါတယ်။
ငွေကောက်ခံသူကို ငွေပေးမကိုင်ပါနဲ့။
ငွေသုံးစွဲသူကို ငွေပေးမကိုင်ပါနဲ့။
အရမ်းလွယ်ကူပြီး အရမ်းရှင်းလင်းမနေဘူးလား။ ဒီလောက် လွယ်ကူတဲ့ ကိစ္စကို ဘာဖြစ်လို့ ရှုပ်ထွေးအောင်လုပ်နေကြတာလဲ။
ငွေကောက်ခံသူကို ငွေမကိုင်ခိုင်းပါနဲ့ဆိုတာက
အခွန်ထမ်းပြည်သူကို ချလံပေးပြီး ကိုယ်တိုင် ဘဏ်သွားသွင်းခိုင်းပါ။
လျှောက်လွှာဖိုး၊ မိတ္တူဖိုး၊ ဓါတ်ပုံဖိုး၊ စာရွက်စာတမ်းဖိုး၊ ထောက်ခံချက်ဖိုး အားလုံး ဘာဆိုဘာမှ ငွေသားနဲ့ လက်မခံပဲ ကျသင့်ငွေအားလုံးကိုး ငွေသွင်းချလံမှာ အတိအကျ ရေးပြီး အခွန်ထမ်းပြည်သူကိုယ်တိုင် မဖြစ်မနေ ဘဏ်ကို သွားသွင်းခိုင်းပါ။ ငြင်းဆန်တဲ့ အခွန်ပြည်သူကို ထိရောက်ပြင်းထန်စွာအရေးယူလိုက်ရင် ကိစ္စတစ်ခု ပြီးပြီပေါ့။
ချလံရေးပေးလို့မရတဲ့ကိစ္စမျိုး (ဥပမာ-တိုးဂိတ်ဖြတ်သန်းခ၊ နယ်စပ်ဂိတ် အဝင်အထွက်ခလိုမျိုးတွေ) ဆိုရင်လည်း ငွေရပြေစာကို ရုံးချုပ်အဆင့်လောက်က ကျသင့်ငွေ အတိအကျ ပုံနှိပ်ထားတဲ့ ငွေရပြေစာနဲ့ ကောက်ခံခိုင်းပါ။ အခွန်ကောက်ခံသူက မိမိအစီအစဉ်နဲ့ ပြောစာပုံနှိပ်ပြီး ရေးချင်သလိုရေး၊ အစစ်ဆေးခံတဲ့ လက်ခံပြေစာက တစ်မျိုး၊ မြေပြင်မှာ ကောက်ခံတဲ့ပြေစာကတစ်မျိုးနဲ့ လုပ်ချင်တိုင်းလုပ်နေတာတွေကို ရပ်တံ့လိုက်ပါ။ ကျသင့်ငွေ ကျပ် ကို ကွက်လပ်ထားပြီး လက်ရေးနဲ့ ငွေပမာဏရေးတဲ့ ပြေစာမျိုးကို အသုံးမပြုခိုင်းပါနဲ့။
ဒါက ငွေကောက်ခံသူကိုငွေပေးမကိုင်ဖို့၊
အားလုံးကို ချက်လက်မှတ်နဲ့ ပေးချေခိုင်းပါ။ အခုဖြစ်နေတာက လုပ်ငန်းလုပ်ကိုင်သူကို ငွေသားထုတ်ပေးနေတယ်။ အဲဒါလုံးဝကို မှားယွင်းပါတယ်။ စီမံကိန်းတစ်ခုလုပ်မယ်ဗျာ။ ကျောက်ဖိုးကို ပစ္စည်းပေးသွင်းသူသို့ ကျသင့်ငွေ ချက်နဲ့ ချေပေးပါ။ ထိုနည်းအတူ ဘိလပ်မြေ၊ သစ်၊ သံချောင်း၊ သဲ၊ အုတ် စတဲ့ လုပ်ငန်းသုံးပစ္စည်းအားလုံးကို ချက်လက်မှတ်နဲ့ အမှန်တကယ် ပစ္စည်းပေးသွင်းသူ အမည်နဲ့ လက်ထဲ တကယ်ပေးချေပေးပါ။ လုပ်အားခကိုလည်း ထိုနည်းတူစွာ တကယ်အလုပ်လုပ်သူ လုပ်သားခေါင်းဆောင် အစုအဖွဲ့ကို ချက်လက်မှတ်နဲ့ လက်ထဲအရောက် ပေးချေပါ။ မူလတွက်ချက်စဉ်က ကျောက်ဖိုး သိန်း၁၀၀ ကုန်မယ်ဆိုပေမယ့် တကယ်ပေးချေတဲ့အခါမှာ သိန်း ၈၀နဲ့ ရကောင်းရနိုင်ပါတယ်။ ပိုတဲ့သိန်း ၂၀ကို မူလ စီမံကိန်းထဲမပါပေမယ့်လည်း နောက်လုပ်ငန်းတစ်ခုမှာ ဆက်သုံးစွဲပါ။ အခြား လုပ်ငန်းသုံး ပစ္စည်းတွေ၊ လုပ်အားခကုန်ကျစရိတ်တွေလည်း မူလတွက်ချက်စဉ်က သိန်း(၁၀၀)ဖြစ်ပေမယ့်လည်း သိန်း ၈၀လောက်နဲ့ ပြီးချင်ရင် ပြီးသွားနိုင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည် မတိုးတက်တာ သိန်း ၁၀၀ တန်တဲ့ လုပ်ငန်းတစ်ခုဆိုရင် တကယ့်မြေပြင်မှာ သိန်း ၅၀ လောက်နဲ့ လုပ်နေလို့ပါ။ ပိုတဲ့ သိန်း၅၀ကို ဝန်ကြီး၊ ညွှန်ချုပ်၊ ညွန်မှူး၊ ရုံးချုပ်အဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ၊ မြို့နယ်အဆင့် အရာရှိပေါင်း အဆင့်ဆင့်က ဝါးမြိုနေကြလို့ပါ။ ဒီကိစ္စကို မြေလှန်ဖြေရှင်းသင့်ပါတယ်။
ချက်နဲ့ပေးချေဖို့က စီမံကိန်းလုပ်ငန်းတွေမှမဟုတ်ပါ။ စက္ကူတစ်ထုပ်ဝယ်တာကအစ၊ ဘောပင်ဝယ်တာကအစ၊ စားပွဲ၊ ထိုင်ခုံ၊ မီးချောင်း၊ကွန်ပျူတာ၊ အစစအရာရာ ရုံးသုံးပစ္စည်းဝယ်ယူရာမှာ ဝယ်ယူတဲ့ဆိုင်ပိုင်ရှင်နံမည်နဲ့ ချက်လက်မှတ်ရေးပြီး ပေးချေပါ။ ချက်လက်မှတ် လက်မခံတဲ့ဆိုင်ဆိုရင် လက်ခံတဲ့ဆိုင်ကို ပေးချေပါ။ နောက်ပိုင်း ချက်လက်မှတ် လက်မခံတဲ့ဆိုင်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။
နောက်အရေးအကြီးဆုံး တစ်ခုက လာရောက်စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားတဲ့နေရာမှာ ကိုယ့်စားရိတ်နဲ့ ကိုယ်လာကြပါ။ ကိုယ့်ဆီကိုယ်ထဲ့၊ ကိုယ့်ထမင်းဘူးနဲ့၊ ကိုယ့်ရေသန့်ဘူးနဲ့လာကြပါ။ လက်ဆောင်ပစ္စည်း ပေးတဲ့ အစစ်ဆေးခံ တဲ့သူ ကို ထိရောက်ပြင်းထန်းစွာ အရေးယူပါ။ တည်းခိုခ၊ စားသောက်ခ၊ အမှန်ကုန်ကျစရိတ်တွေကို သက်ဆိုင်ရာ ဦးစီးဌာနက အမှန်ကုန်ကျစရိတ်အတိုင်းကျခံပါ။
ဒါဆိုရင် လာဘ်ပေးလာဘ်ယူကိစ္စ သိသိသာသာ ရှင်းလင်းသွားပါလိမ့်မယ်။ ဘယ့်နှယ်ဗျာ။ ဒုသမ္မတ အဆင့် တိုင်းခန်းလှည့်လည်တာ သက်ဆိုင်ရာ မြို့နယ်တွေက သိန်းပေါင်း ရာချီကုန်ရတယ်လို့။ ကိုယ့်စရိတ်နဲ့ ကိုယ်လာပေါ့။ အဲဒီတော့ အစစ်ဆေးခံတဲ့မြို့နယ်က အုပ်ချုပ်ရေးမှူးတွေက ကုန်ကျစရိတ်ကို မဟုတ်တဲ့ နည်းနဲ့ ရှာရော။ ရှာတော့လည်း အမှန်ကုန်ကျတာထက် ပိုပြီး ကိုယ့်အတွက် ပိုကျန်အောင် ရှာကြတယ်လေ။ တကယ်ဆို သူတို့ နယ်မြေကွင်းဆင်းလို့ ကုန်ကျမယ့်ငွေကို အကျိုးရှိအောင် အသုံးချမယ်ဆိုရင် ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ အများပြည်သူအတွက် အသုံးဝင်မယ့် အဆောက်အဦး၊ လမ်းတံတားတွေ အများကြီး ဖြစ်လာမှာပါ။
ကြံ့ဖွတ် အမတ်တွေ လည်း အတုယူသင့် ပါတယ်။။ တို့ပြည်သူ တွေက တော့ ဘယ်သူ ပြောလို့ အောင်အောင်၊ အောင်သွားရင် ပြောတဲ့သူ ကို ချစ်တာပါပဲ။။ တမတ် သား အမတ်တွေလည်း၊ ရဲဘော် များ ဟာဆင်းရဲလှ ပါတယ်။။ အတွေး အခေါ်တွေလည်း နည်းပါးလှ ပါတယ် ၊၊ ဒါတွေကို ကောင်းဘို့လုပ်ရင် အမှတ် ရ မှာပါ။။။ ခုချိန်မှာ ကျုပ်သာ ကြံ့ဖွတ် အမတ် ဆိုလို့က တော့၊ (နားမလည်ရင် ပညာရှင်တွေ ကို ခေါ် သင် ပြီး လွတ်တော်မှာ ပွါးတယ်)။။ ဒီဘဲတွေ စိတ်ဝင်စား ပုံလည်းမရ ပါဘူးဗျာ။။
အမတ်မင်းများကဦးဆောင်ဖို့မပြောနဲ့၊လက်ခံဆွေးနွေးခွင့်
ပြုတာတောင်၊ဖျက်လိုဖျက်ဆီးလုပ်ချင်ကြမှာ။
သူရဦးရွှေမန်း အနေနဲ့ကြိုတင်ဆေးစစ်ထားပြီး ဆရာဝန်ဆီက ကျန်းမာရေးကောင်းကြောင်း၊ ဆေးလက်မှတ်ယူပြီး၊လွှတ်တော်မှာ
တင်ပြထားသင့်တယ်။ မဟုတ်ရင်၊ကျန်းမာရေးကြောင့်အငြိမ်းစား
ယူခွင့်ပေးလိမ္မယ်။