Thursday 16 February 2012

ဆေးမှန်မှန်သောက်ပါ NLD နာယကကြီးရယ်


                     ဆေး မှန်မှန်သောက်ပါ NLD နာယကကြီးရယ်”
                  
                                                                                                  <ဒီမိုနီနီ> 
          NLD ရဲ့ အခြေအနေက တစ်နေ့ထက် နေမြင့်လေအရူးရင့်လေဆိုသလိုပေါ့လူကြားထဲရောက်ရင်
ဖင်ဖြဲဖြဲပြတတ်တဲ့ ကျွန်မတို့ ရပ်ကွက်ဘေးက မယားတရူး ကိုတင်ဦးလို ဘေးကမြင်ရတွေသူတွေအဖို့ ယိုသူ
မရှက် မြင်သူရှက် ရတဲ့ ပြကွက်မျိုး မရိုးနိုင်အောင် ကပြနေလေရဲ့၊
     NLD ရဲ့ဖြစ်ပုံကဒီလိုပါ မင်္ဂလာဒုံNLDရုံခမ်းဖွင့်ပွဲမှာ“ကျွန်တော်တို့ရဲ့ခမောက်ကအခိုးခံလိုက်ရပြီးတဲ့”
ကျွန်မတို့ သင်္ဃန်းကျွန်းမှာတော့“ခမောက်တွေကအတုတွေတဲ့”နာယကကြီးဦးတင်ဦးက ပြောသွားပေတယ်၊
နောက်ပြီး သင်္ဃန်းကျွန်းက ကျိုက္ကဆံဘုရားပွဲမှာလည်း NLD တွေက  မှန့်ဟင်းခါး တစ်ပွဲကို ၅၀၀
ကျပ်နဲ့ရံပုံငွေ ဈေးရောင်းပွဲရဲ့ဆိုင်ခန်းမှာလည်းဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ပုံတွေ
ကိုချိပ်ပြီး လူတစ်ယောက်က “ ကျွန်တော်တို့ပါတီရဲ့ ခမောက်ကို မသမာသူလူတစ်စုကလုယူသွားခဲ့လို့ အခုဆိုရင် ကျွန်တော်တို့ ပါတီနဲ့ ခမောက်ဟာ လုံးဝ မသက်ဆိုင်တော့ပါဘူးတဲ့”
            ကဲအဲဒီတော့ နာယကကြီး သင်္ဃန်းကျွန်းမှာ ပြောခဲ့တာက ခမောက်တွေက အတုတွေပါတဲ့၊မင်္ဂလာဒုံမှာပြောတာက အခိုးခံရတယ်တဲ့၊ NLD အောက်ပွဲတွေပြောတာကြတော့ မသမာသူလူတစ်စုက လုယူသွားတယ်တဲ့ ကျွန်မကတော့နဲနဲမျက်စိလည်သွားပြီ၊
           သေချာတာကတော့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ အမှားကြောင့် ခမောက်ရူးရူးနေတာပါ၊သက်မဲ့ဖြစ်တဲ့ ခမောက်တံဆိပ်ကို ထိမ်းသိန်းထားနိုင်ဘို့ အရည်အချင်းမရှိခဲ့လို့ ဘဲ မှတ်ယူရမှာဖြစ်ပြီး သက်ရှိတွေနဲ့ ဖွဲစည်းထားတဲ့ NLD တွေကလဲ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ခဲ့တာကို ထောက်ခံခဲ့တဲ့ အပြင် NLD ပြန်ပြီးမှတ်တင်ခဲ့ရင်ပါတီကနေနုတ်ထွက်ပစ်မယ်လို့ကြိမ်းဝါးထားသူတွေကလည်းမြို့နယ်အသီးသီးမှာ ဥက္ကဌလုပ်သူကလုပ် အမတ်လောင်းလုပ်သူကလုပ်နဲ့ ဒီလူတွေကို ဘယ်လိုထိမ်းကြမလဲ ရင်လေးစရာပါ NLD အတွက်ပြောတာမဟုတ်ဘူးနော် တိုင်းပြည်အတွက်ပြောတာ၊ ကြားဖြတ်ရွေးကောက်ပွဲကို အရှက်ပြေဝင်ခြင်ရင်လဲဝင်ပါကျွန်မကတော့ပြောစရာမရှိပါဘူး၊ဒါပေမဲ့ နာယကကြီးနဲ့ အောက်ပွဲတွေရဲ့လုပ်ပုံကတော့ ပြောစရာပါ၊
                   ကျွန်မပြောခြင်တာကတော့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာ မှားခဲ့ပါတယ်လို့တိုင်းပြည်နဲ့ လူထုကို ပွင့်ပွင့်လင်းလင်း ဝန်ခံစေခြင်တယ် မြန်မာလူမျိုးတွေဘဲ ခွင့်လွှတ်သီးခံစိတ်ကြီးမားကြပါတယ်၊အခုတော့ ကြားဖြတ်ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရင်း လူကြားထဲရောက်ရင်ခမောက် ခမောက်နဲ့ ရှက်တတ်ရင် အလွန်ရှက်စရာကောင်းတဲ့ကိစ္စပါ နာယကကြီးပြောတာကိုလက်ခုပ်တီးပေးနေသူတွေကလဲတချိန်ကပါတီပြန်ပြီးမှတ်ပုံတင်ရင် နုတ်ထွက်မယ်လို့ ပြောခဲ့သူတွေပါ၊
                အခုနာယကကြီးတို့သွားနေတဲ့လမ်းကလဲခမောက်တွေရှေ့ကဖေါက်သွားတဲ့လမ်းအတိုင်းလိုက်
နေရတာပါ ခမောက်တွေ ရှေ့မှသွားစဉ်တုံးက ဆူးခင်းလမ်း ပါ အခု NLD ကခမောက်လမ်းကို လိုက်လျှောက်တော့ ကော်ဇောခင်းထားတဲ့ လမ်းပေါ်လျှောက်ရတော့မဲ့ အချိန် ရောက်နေပါပြီ၊ ခမောက်တွေရဲ့စွမ်းဆောင်ချက်ကလွှတ်တော်အတွင်းမှာကောလွှတ်တော်ပြင်ပမှာပါအလွန်ကို ပြောင်ပြောင်မြောက်မြောက်နဲ့ စွမ်းဆောင်နေတဲ့အချိန်မှာ လုပ်ပြန်ပြီ ၂၀၁၀ တုံးကလိုမျိုး ခြင်္သေ့ကို အားဆေးကြွေးနေလေရဲ့၊ NLD ရဲ့ သမိုင်းတလျှောက်ကိုလေ့လာကြည့်မယ်ဆိုရင် ရန်သူရှာတဲ့ အုပ်စုက ပါတီအတွင်းမှာ ရှိနေလို့ ပြည်ပ မီဒီယာ၊ပြည်ပအဖွဲ့အစည်းအသီးသီးနဲ့ အနောက်ငံတွေရဲ့ထောက် ခံအားပေးမှုနဲ့ နဝတ- နအဖ ကို ရန်သူလိုသဘောထားပြီးတိုက်ခဲ့တယ်၊အခုလည်း လက်ရှိအစိုးရနဲ့ ပလဲနာမ်ပ သင့်ပြီး ဒီမိုကရေစီအင်အားစုတွေကို တိုက်ပြန်ပြီ၊ အတိုက်အခိုက်မရှိရင်NLD ကရပ်တည်လို့ မရတဲ့ သဘောဆောင်နေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကလဲ အပြော
သက်သက်သားဖြစ်သွားမှာပါ၊ နောက်တစ်ခုက NLD ဟာ အဓိကနဲ့ သာမည ဝေဖန်ပိုင်းခြားနိုင်သူတွေကို ပါတီအတွင်းမှာ မတည်မြဲအောင်လုပ်တဲ့ အုပ်စုကကြီးစိုးနေခြင်းပါ၊ ဥပမာ ဦးဝင်းတင်ထောင်ကလွတ်လာပြီး ဥက္ကဌကြီး ဦးအောင်ရွှေကို ချောင်ထိုးခဲ့တဲ့ ကိစ္စက သာဓကပေါ့ အကယ်၍များ ၂၀၁၀ မှာ ဦးအောင်ရွှေသာ ဥက္ကဌ အဖြစ်ရှိနေခဲ့မယ်ဆိုရင်အခုလို ခမောက်ရူးရောဂါ NLD အတွင်းမှာ ကူးစက်ပြန့်နှံ့မှာမဟုတ်ပါဘူး။
             သတိရမိပါသေးတယ် ၂၀၁၀ ရွေးကောက်ပွဲမဝင်တော့ ပါတီကဥပဒေအရအလိုလိုပျက်ပျယ်သွား
မှာဖြစ်လို့ ရှေ့ဆက်ခရီးဘယ်လိုဖြတ်သန်းမလဲလို့ မေးလာတော့၂၀၁၀ ရွေးကောက်ပွဲမှာNLDမပါတဲ့အတွက်
ကြောင့် မဲမပေးဘဲနေကြ NLD ကတော့ နိုင်ငံရေးလုပ်လို့မရရင် လူမှုရေးဘဲလုပ်မယ်၊ အမှိုက်ဘဲကောက်ရ
ကောက်ရလို့ ပြန်လည်ပြီးဖြေကြားခဲ့တာကို အမှတ်ရနေသေးပါတယ်၊ အဲဒီအချိန်က NLD ပါတီဝင်တွေဟာ
မတရားအသင်းအက်ဥပဒေနဲ့ ထောင်နန်းစံ ရမှာကို နည်းနည်းလေးမှထည့်တွက်ခဲ့ပုံမရပါဘူး၊အဲဒီအချိန်မှာ
အာဏာပိုင်တွေအနေနဲ့ NLD တွေကို ဖမ်းတာနဲ့ လွှတ်ထားတာ ဘယ်ဟာက သူတို့အတွက် ပိုပြီးအကျိုးရှိ
စေမယ်ဆိုတာစဉ်းစားတော့ လွှတ်ပေးထားတာဟာ ကြံ့ဖွင့်တွေအတွက် ပိုပြီးအကျိုးရှိစေမယ်၊ စွမ်းအားရှင်
တွေကိုခေါ်သုံးရင် သိတ္ခာကျမယ် နောက်ပြီး NLD တွေကို ပြသနာမရှာတဲ့အတွက်ကြောင့် သဘောထားကြီးသူတွေအဖြစ် နိုင်ငံတကာက အမှတ်တွေပေးကြမယ်၊ဘာဘဲပြောပြော ၂၀၁၀ မှာ NLD က ပြအသုံးတော်ခံခဲ့တာဟာ ဒီမိုကရေစီအင်အားစုတွေကို ရိုက်ချိုးဖျက်စီး ပြီး အာဏာပိုင်တွေကို အင်အားတောင့်တင်းစေခဲ့တာကတော့ ငြင်းလို့ မရတဲ့ အမှားပါ၊
               ခက်တာက ၁၉၉၀ မှာလဲ တပ်မတော်ရဲ့ သဘောထားအမှန်ကို မသိခဲ့လို့ ၉၀ေ၇ွးကောက်ပွဲရလဒ်ဟာလည်း NLD လက်ထဲမှာရေစုံမျောခဲ့ပြီးပြီ ၂၀၁၀ မှာလဲ လူထုရဲ့ သဘောထားအမှန်ကို မသိဘဲ သပိတ်မှောက်ခဲ့လို့ လွှတ်တော်သက်တမ်း တဝက်ကျော်လောက်မှ လွှတ်တော်ထဲဝင်ဖို့ အခြေခံဥပဒေကိုပြင်ဖို့ ကြားဖြတ်ရွေးကောက်ပွဲကနေတဆင့် မှီရာကားနဲ့ ရှေ့က ခမောက်အပါအဝင် ၂၀၁၀ ဒီမိုကရေစီဘက်တော်သားတွေကို မှီအောင်လို့ အူယားဖားယားနဲ့ ပြာပြာခတ်ပြီး ပါတီကြီးမူဝါဒအပြည့်နဲ့ မာန်မာနကြီးစွာဖြင့် အတင်းထိုးဝင်
နေတဲ့အချိန်မှာ ခြင်္သေ့ကြီးကလည်း အစွယ်သွေးပြီး လွှတ်တော်အပေါက်ဝမှာ မိန့်မိန့်ကြီးထိုင်ကာစောင်ဆိုင်းနေတာကို NLD လှစ်လျူရှုခြင်းပါ။
                ၂၀၁၀ လူထု က ခမောက်ဖြစ်ခြင်း၊ခွပ်ဒေါင်းဖြစ်ခြင်း၊ကဒေါင်းဖြစ်ခြင်း၊ခြင်္သေဖြစ်ခြင်းဟာ အဓိကမဟုတ်တော့ပါ တိုင်းပြည်နဲ့ပြည်သူတွေအတွက် ဘယ်သူက ဘာလုပ်တယ်ဆိုတာကို ဂျာနယ်၊ရေဒီယို၊တီဗီတွေကနေ လေ့လာပြီး အမှတ်တွေပေးနေကြပါတယ် NLD လုပ်မယ်လို့ အနှစ် ၂၀ ကျော်ကြွေးကြော်ခဲ့တဲ့ လုပ်ငန်းတွေကိုလည်း ဦးသိန်းစိန် ဦးဆောင်တဲ့ ခြင်္သေ့အစိုးရနဲ့ ခမောက်တွေ၊ ၂၀၁၀ ဒီမိုကရက်တွေက လွှတ်တော်ထဲမှာလုပ်ပြနေတာကို မနာလိုမရှုစိမ့် မွေးနေမဲ့အစားမုဒိတာပွားရမဲ့ အချိန်မျိုးပါ၊ဒီနေရာမှာ ခမောက်ကိုဘယ်သူတွေကသစ္စာဖေါက်ခဲ့သလဲဆိုတဲ့ တရားခံစစ်စစ်ကိုဖေါ်ပြခြင်ပါ
သေးတယ်၊ခမောက်ဆိုတာဒီမိုကရေစီဘက်တော်သားတွေရဲ့ ပြရုဒ်တစ်ခုဆိုတာ၁၉၉၀ ရွေးကောက်ပွဲကနေ
မှတ်ကျောက်တင်ထားပေးတဲ့ သက်မဲ့ အရာဝတ္ထုတစ်ခုပါ၊ ကိုယ့်သမိုင်းကြောင်းကို ထိမ်းသိမ်းသလို ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကိုလဲထိမ်းသိမ်းနိုင်ရမှာပါ စစ်တပ်ထဲမှာဆိုရင် အဲဒီလိုကိစ္စမျိုးက သေဒဏ်အထိပေးလို့ရတဲ့ပြစ်မှုတစ်ခုဆိုတာ နာယကကြီးသိပြီးသားပါ၊ ဒါပေမယ့် ခမောက်သည်ဒီမိုကရေစီတိုက်ပွဲကာလအတွင်းမှာဘယ်လိုအခြေအနေမျိုးဖြစ်ပစေ ပြည်သူကို ကျောမခိုင်းသူတွေ၊လူပုဂ္ဂိုလ်အရေးပါတီအရေးထက် တိုင်းသူပြည်သားရဲ့အရေးကိုအစဉ်ထာဝရ အပြောမဟုတ် လက်တွေ့လုပ်သူတွေဘက်ကို ၂၀၁၀ မှာ လိုက်ခဲ့တာပါ စဉ်းစားကြည့်ပါ  NLD ကဒီမိုကရေစီတိုက်ပွဲရဲ့ အချိုးအကွေးတစ်ခုမှာ ဘေးထိုင်ဘိုင်ကျ ဘုတော်နေတော့ခမောက်စောင့်နတ်ကြီးကလဲNLDဆိုတဲ့အလောင်းကောင်ကြီးကိုပုပ်ဆော်နံ့ခံပြီးဖက်တွယ်နေမဲ့အစား ဒီမိုကရေစီအရေး လူ့အခွင့်အရေး၊တရားဥပဒေစိုးမိုးရေး၊ပြည်တွင်းငြိမ်းချမ်းရေးတွေကို လက်တွေ့ကျကျ လုပ်မဲ့သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်နေပါတယ်၊ သင်္ဃန်းကျွန်းက ဦးသိန်းညွန့်ဆိုရင် ၁၉၉၀ မှာလည်းခမောက်ချန်ပီယံပါ၂၀၁၀ မှာလဲ ၉၀ ရဲ့ ချန်ပီယံခမောက်ကိုကျွန်မတို့ သင်္ဃန်းကျွန်းပြည်သူလူထုက ကာကွယ်ခဲ့လို့ အခုဆိုရင် ခမောက်စောင့် နတ်မင်းကြီးက သင်္ဃန်းကျွန်းကို နောက်ထပ် အပိုဆုအဖြစ်ခမောက်နှစ်လုံးထပ်ပေးလို့ ခမောက်သုံးလုံးနဲ့၊အဲဒီတော့ ခမောက်ကိုဘယ်သူတွေကမျက်ကွယ်ပြုခဲ့သလဲ ဆိုတာ ဘယ်သူတွေကသစ္စာဖေါက်ခဲ့သလဲဆိုတာ ရုပ်လုံးကပေါ်လာပါပြီ။
          ကျွန်မအနေနဲ့ နာယကကြီးကို နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဆေးမှန်မှန်သောက်ပါ၊ဆရာဝန်ပြောင်းပြီးရောဂါ
အခြေအနေကို စမ်းသပ်စစ်စေးမှုလုပ်ပါအိပ်ယာဝင်တိုင်းဒိုင်ယာစီပင်လေးသောက်ပြီးအိပ်ပါ
မနက်အိပ်ယာထပြီဆိုရင် ခမောက်! မောက်! ခမောက်! လို့ သုံးကြိမ်တိတိ အော်ပြီးမှ ထပါ အဲဒါမှ ကျွန်မတို့
ရပ်ကွက်ဘေးက မယားတရူးကိုတင်ဦးလို လူကြားထဲရောက်ရင် ဖင်ဖြဲပြတတ်တဲ့ ကိစ္စမှ ပြီးမြောက်သွားမှာပါ၊
ဘာပြုလို့လဲဆိုတော့ ခမောက်စောင့်နတ်ကြီးက အဲဒီလိုရောဂါမျိုးကို မကုနိုင်လို့ပါ။
                                                                                                              < ဒီမိုနီနီ>

No comments:

Post a Comment