Sunday 5 February 2012

ခမောက်ရူး ဦးတင်ဦး


                                                     ခမောက်ရူး ဦးတင်ဦး                                        < ဒီမိုနီနီ>
       ကျွန်မတို့ သင်္ဃန်းကျွန်းမှာ ၅.၂.၂၀၁၂ နေ့က NLD ရဲ့ သင်္ဃန်းကျွန်း ရုံးခွဲ လာဖွင့်သွားပါတယ်
ဒေါ်အောင်ဆန်းစုကြည်မလာနိုင်လို့ ပါတီရဲ့ နာယက ဦးတင်ဦးမှအမှာစကားပြောသွားပါတယ်
           နာယကဦးတင်ဦး က “ကျွန်တော်တို့တတွေဟာ ခမောက်တွေမဟုတ်ပါဘူး ခမောက်တစ်လုံးကြယ်
တံဆိပ်လဲမဟုတ် ခမောက်သုံးလုံးလဲမဟုတ် ခမောက်တစ်လုံးကြယ်၊ခမောက်သုံးလုံး စတာတွေဟာ အတု
တွေပါ” တဲ့ ကျွန်မတို့ သင်္ဃန်းကျွန်းပြည်တွေက ခမောက်စစ်စစ် ဘယ်မှာရှိသလဲဆိုတာ ကောင်းကောင်း သိထားပြီးပါပြီ ခမောက်စစ်စစ်က သင်္ဃန်းကျွန်းမှာ တည်ရှိပါတယ် အဲဒါ “ခမောက်သုံးလုံးနဲ့” ကျွန်မကိုခမောက်
အတုနဲ့ အစစ်ဘယ်လိုခွဲခြားပါသလဲလို့နာယကကြီးက မေးလာရင် ကျွန်မက အောက်ပါအတိုင်းဖြေလိုက်ပါမယ်။
             ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုံးက ကျွန်မတို့ သင်္ဃန်းကျွန်းမှာ ခမောက်ကို ကိုယ်စားပြုတဲ့ NLD ရဲ့ အမတ် ဦးသိန်းညွန့်ကို မဲပေးခဲ့ ပါတယ် အဲဒီကာလတွေမှာ NLD က ရွေးကောက်ပွဲ မှာ မဲအပြတ်အသတ်နိုင်ခဲ့
အောင် ပြည်သူပြည်သားတွေအနေနဲ့ တာဝန်ကျေပြွန်ခဲ့ပေမဲ့ နဝတ စစ်အစိုးဆီကနေ ပြည်သူ့ အာဏာကို ရအောင် မယူတတ်ခဲ့လို့ အာဏာမရခဲ့ဘဲ ကျွန်မတို့ တိုင်းပြည်ကြီးက ဆင်းရဲမွဲတေမှုတွေ၊အမျိုးကောင်းသားသ
မီးတွေပျက်ဆီးမှုတွေ၊NLD ကိုဆက်လက်ဝန်းရံရင်း သေသူကသေ ထောင်ကျသူကကျ ဘဝတွေပျက်သူကပျက်
နဲ့ နှစ်ပေါင်း၂၀ ကျော် အနီဌာရုံ မြင်းကွင်းတွေထဲမှာ တဝဲလည်လည်နဲ့ ဖြစ်ခဲ့ ရပြီးပါပြီ ၂၀၁၀ ရွေးကောက်ပွဲမှာ
လဲ ဒေါ်အောင်းစုကြည်ရဲ့ မျက်နှာနဲ့ NLD ကို မဲထပ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း ပါတီသိတ္ခာကျမှာစိုးရိမ်တာက
တကြောင်း ဒေါ်အောင်ဆန်းစုကြည် ပါလို့ မရတာကတကြောင်းကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်တယ်
ဆိုတော့ ကျွန်မတို့ ပြည်သူတွေရဲ့ အကျိုးစီးပွားထက် ပါတီအရေး လူပုဂ္ဂိုလ်အရေးကို ဦးစားပေးခဲ့ပြီး ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို မျက်ကွယ်ပြုပြီးပါပြီ။
                             ကျွန်မတို့ သင်္ဃန်းကျွန်းအရွေးမှန်သွားပါပြီ
     အဲဒီလို ၂၀၁၀ ရွေးကောက်ပွဲမှာ NLD မပါပေမဲ့ ၉၀ ရွေးကောက်ပွဲတုံးက ကျွန်မတို့ ရွေးချယ်ပေးထားတဲ့
ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့် က သူ့ရဲ့ ရဲဘော်တွေဖြစ်ကြတဲ့ ဦးကျော် တိုင်းဒေသကြီး လွှတ်တော်၊ဒေါ်စန်းစန်းမြင့် တိုင်းဒေသကြီး လွှတ်တော် ဦးဘုန်းမြင့်အောင် အမျိုးသားလွှတ်တော် က ခမောက် တစ်လုံး ပါတီက နေ ဝင်ပြိုင်ခဲ့လို့ ကျွန်မတို့ သင်္ဃန်းကျွန်းရဲ့ ကံကြမ္မာ ကို ရွေးချယ်ခွင့် ရခဲ့ပါတယ်
ကျွန်မတို့ ရွေးချယ်ခဲ့တာ မှန်သလားမှားသလားဆိုတာ အားလုံးအသိပါ၊ အခုဆိုရင် ကျွန်မတို့ သင်္ဃန်းကျွန်းမှာ မတရားတဲ့ ကိစ္စ မှန်သမျှကို ကူညီဖြေရှင်းပေးနေတာ၊ပြည်သူ့အသံကို လွှတ်တော်အတွင်းသယ်ဆောင်
ပေးနေတာ၊ သင်္ဃန်းကျွန်းဈေးသူဈေးသားတွေကိစ္စ၊င/က ရပ်ကွက် မှာ အဝီစိတွင်းတူးပေးတဲ့ကိစ္စ၊ငမိုးရိပ်က
ရေစီးရေလာ ကောင်းအောင် ရေမြောင်းတွေတူးဖေါ်တဲ့ကိစ္စ၊မိုးတွင်းမှာ ရေလျှံတတ်တဲ့ လေးဒေါင့်ကန် လမ်းမကြီးနဲ့ သံသုမာလမ်း တွေကို ကွန်ကရစ်လမ်းခင်းပေးရသည့်ကိစ္စ၊အမှိုက်ပုံတွေရှင်းလင်းပေးရသည့်
ကိစ္စနဲ့ မင်္ဂလာမွန်ဈေး car parking နေရာမှာ ဂမုန်းပွင့် ကုမ်ပဏီက အဆောက်အဦးဆောက်လုပ်မဲ့ကိစ္စ
ဘုရင့်နောင်ဈေး car parking မှာလဲ အဆောက်အဦးဆောက်လုပ်မဲ့ ကိစ္စတွေကို လဲ ဈေးသူဈေးသားများ
ကို ကူညီဆောင်းရွက်ပေးနေတာ ကျွန်မတို့ သင်္ဃန်းကျွန်းသူ/သားတွေရဲ့ ရွေးချယ်မှုက တက်လာကြတဲ့ ကိုယ်
စားလှယ်တော်ကြီးများရဲ့ စွမ်းဆောင်မှုတွေအတွက် ဂုဏ်ယူဝမ်းမြောက်ကျေနပ် အားရ မိပြီး ခမောက်စစ်စစ် ဟာ သင်္ဃန်းကျွန်းမှာရှိနေတယ်ဆိုတာ ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့ ဂျာနယ်အသီးသီးက ဖေါ်ပြနေပါတယ်။
                            ပါတီကြီးတစ်ခုရဲ့ နာယက တစ်ဦးက ကျွန်မတို့ သင်္ဃန်းကျွန်းမှာ ရှိတဲ့ ခမောက်သုံးလုံး
ပါတီကို စော်ကားရာမရောက်ပေဘူးလား ရွေးကောက်ပွဲကော်မရှင်က စီးမျဉ်းကမ်းတွေနဲ့ အရေးယူလို့ မရဘူးလာား ကျွန်မမေးချင်ပါတယ်၊
                           ခမောက်က NLD မဟုတ်ဘူးဆိုတာဘယ်လိုသိသလဲ
    ၂၀၁၀ ရွေးကောက်ပွဲတုံးက ကျွန်မတို့ သင်္ဃန်းကျွန်းမှာ ခမောက်ကိုယ်စားလှယ်လောင်းတွေ အိမ်တိုင်ရာရောက် လာပြီး မဲဆွယ်တဲ့ လက်ကမ်းကျော်ငြာ တွေလာဝေကြတယ်၊ အဲဒီလိုဘဲ NLD ကလဲ
ရွေးကောက်ပွဲနေ့မှာ မဲရုံကို မသွားဘဲ အိမ်အပြင် မထွက်ကြဖို့ဒေါ်အောင်ဆန်းစုကြည်ကမှာထားတယ်၊
မဲရုံသွားပြီး မဲမပေးဘဲနေပိုင်ခွင့်ရှိတယ်၊NLD က၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတယ် စတဲ့ စတဲ့
လက်ကမ်းကျော်ငြာတွေကိုဒေါ်အောင်ဆန်းစုကြည်တီရှပ်ဝတ်ထားတဲ့ NLDလူငယ်အဖွဲ့ဝင်တွေဝေငှတာကိုလဲ တဝကြီးဖတ်ထားပြီးပါပြီ အဲဒါကြောင့် ဒီိနေ့ ဦးတင်ဦပြောတာတွေကို ကျွန်မတို့က ၂၀၁၀ မှာထဲက ခမောက်စစ်
စစ်က ဘယ်မှာလဲဆိုတာ သိထားပြီးပါပြီ ဦးတင်ဦး မသိသေးရင် ဂျာနယ်လေးဘာလေးဝယ်ဖတ်ကြည့်ပါ
မျက်မှန်တော့တပ်ထားနော်၊ ၂၀၁၀ မှာ ခမောက် ပါတီက မှတ်ပုံတင်တော့ NLD က နေပြည်တော်အထိ
သွားပြီးကန့် ကွက်ခဲ့သေးတယ်လေ ကော်မရှင်က ဘယ်လို ဆုံးဖြတ်ပေးလိုက်သလဲဆိုတာကိုလဲ သတင်း
စာလေးဘာလေးဖတ်ကြည့်ပါအုံး မေ့နေတယ်ဆိုရင်လဲ ကျွန်မရဲ့ဒီဆောင်းပါးလေးကို ဖတ်ပြီးရင် နှာဖူးပေါ်
ခြေတောက်တင်ပြီး စဉ်းစားကြည့်ပါ၊ လက်တင်ပြီးစဉ်းစားလို့တော့ အဖြေကထွက်လာမှာ မဟုတ်ဘူးနော်။
                                  ပြောင်းသွားတဲ့ ဒေါ်စုလေသံ
                ၁၉၉၀ရွေးကောက်ပွဲ မှာတုံးကလဲ ဒေါ်စု အဖမ်းခံထားရပေမဲ့ ၉၀ ရွေးကောက်ပွဲကို ဝင်ခဲ့တယ်
၂၀၁၀ ရွေးကောက်ပွဲမှာတော့ စေါ်စု ဝင်ခွင့်မရလို့ သပိတ်မှောက်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်တဲ့ ဒီမိုကရက်တွေကို သစ္စာဖေါက်တွေ၊ ခမောက်အတုတွေလို့ပြောပြီး ရွေးကောက်ပွဲမှာ NLD မပါတဲ့အတွက် မဲမပေးဘဲနေကြပါ လို့
ပြောခဲ့တဲ့ ဒေါ်စု ဟာ အခုတော့  “ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာပေးကြပါ မဲပေးရင်လဲ NLD ကိုဘဲပေးရမယ်နော်” ဆိုတဲ့ စကားသံတွေ ကို ဒေါ်စုရောက်တဲ့ မြို့ရွာတိုင်းမှာ ပြောခဲ့တာကို လဲ ဂျာနယ်အသီး
သီးမှာဖတ်ခွင့်ရနေပါတယ်၊ အော်!ပြောင်းလဲသွားပြီပေါ့ ဒေါ်စုရယ် ၂၀၁၀ ရွေးကောက်ပွဲတုံးက ကျွန်မတို့ ကဒေါ်စုပြောတာကိုနာထောင်မိခဲ့ရင်သင်္ဃန်းကျွန်းရဲ့ကံကြမ္မာဟာခြသေ့င်္ပါးစပ်ထဲရောက်သွားခဲ့ပြီ၊ကံသီပေလို့
ဒေါ်စု စကားနားမထောင်မိတာ။
                      ကျွန်မအနေနဲ့ NLDကိုပြောချင်တာက ဒီနေ့ ပြည်သူလူထုဟာ ၁၉၉၀ လူထုမဟုတ်တော့ပါ
NLD ပြောသမျှကိုယုံမယ်မထင်ပါနဲ့၊ ၂၀၁၀ လူထုဟာ ပါးပါးလေးနဲ့ နပ် နေပါပြီ NLD က အခုအချိန်ထိ ပါးလဲ
မပါး နပ်လဲမနပ် ဘဲ ပြာပုံထဲ တိုးတိုး နေတုံးဘဲ ကိုယ်နဲ့မတူသူ မြင်မြင်သမျှကို ရန်သူလို့ စွဲမှတ်နေတုံးပါဘဲလား
၉၀ ရွေးကောက်ပွဲ ရလဒ် ကလဲ နဝတစစ်အစိုးရကို ပါးပါးနပ်နပ် မကိုင်တွယ်တတ်လို့ ပြည့်ဆန္ဒတွေ ရေစုံမျော
ခဲ့ရပြီးပြီ၊ တရားစကားနဲ့ ပြောရရင် ယူတတ်မှ ရမှာပါ ၊၂၀၁၀ ရဲ့ ဆုံးဖြတ်ချက်အမှားက ပြည်သူကို ပွင့်ပွင့်လင်း
လင်းဝန်ခံပြီး ရဲရဲ တင်းတင်းရင်ဆိုင် ဖြေရှင်းသင့်ပါတယ် အခုတော့ မလိမ့်တပတ်နဲ့ ဝါဒတွေဖြန့်ပြ်ီး ဥပဒေတွေ
ပြင်ပေးလို့ ပါတီကို အသစ်ပြန်လည်မှတ်ပုံတင်ပြီးကြားဖြတ်ရွေးကောက်ပွဲဝင်ရတာပါတဲ့ ကျွန်မစုံစမ်းလေ့လာရသလောက်က တော့ ဥပဒေကို မယ်မယ်ရရ ပြင်ထားတာမတွေ့ရပါဘူး။နောက်ပြီး လွှတ်တော်အတွင်းမှာ မကြိုက်တဲ့ အခြေခံဥပဒေတွေပြင်မယ်တဲ့၊ကျွန်မတို့ သင်္ဃန်းကျွန်းက ကိုယ်စားလှယ်
တော်ကြီးလဲ အဲဒါတွေကို ပြင်ဖို့ကြိုးစားနေတာ မသိတာလား မသိခြင်ယောင်ဆောင်နေတာလားဆိုတာမေးပါရ
စေ ဦးခွန်ထွန်းဦး၊ကိုမင်းကိုနိုင်၊ကိုကိုကြီးစတဲ့ နိုင်/ကျဉ်းတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အဆို တင်သွင်းခဲ့တာ၊ စီပင်ဥပဒေတွေ၊တရားရုံးနဲ့ ပါတ်သက်တဲ့ဥပဒေတွေ၊ပြင်ဖို့ အဆိုတင်သွင်းတာတွေ
က လဲသင်္ဃန်းကျွန်းက ကိုယ်စားလှယ်တော်ကြီးပါ ၊ရန်ကုန်မြို့သူမြို့ သားတွေကိုသောကသုံးရေဖူလုံ
အောင်ရရှိရေး၊ လျှပ်စစ်မီး အပြည့်အဝရရှိရေး တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတွေတင်သွင်းတာ
စတာတွေကို ဆောင်ရွက်နေတာလည်း သင်္ဃန်းကျွန်းကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးကျော်နဲ့ ဒေါ်စန်းစန်း
မြင့်တို့ပါ၊ဒီလူတွေက ဒါတွေ လုပ်ဆောင်နေတာကိုမကြိုက်လို့လား၊သဘောမတူလို့လား ဘယ်လိုလုပ်မှကြိုက်
ကြမှာလဲ NLDရဲ့ လမ်းစဉ်အတိုင်း လူတွေကို လမ်းပေါ်ခေါ်ပြီး ထောင်ကျအောင် ဆန္ဒပြခိုင်းမှ နိုင်ငံရေးလုပ်တာ
လို့သတ်မှတ်ပြီး ထောက်ခံအားပေးမှာလား၊မေးစရာတွေကတသီတတန်းကြီးပါ၊
                           ကျွန်မအဆုံးသတ်ပါတော့မယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်းက ခမောက်ကို ရွေးချယ်ခဲ့လို့ ကျွန်မတို့ ဒီမိုကရေစီရဲ့အသီးအပွင့်ကို ၂ နှစ်အတွင်းမှာ စတင်ပြီးခံစားနေရပါပြီ၊၁၉၉၀ ကနေ
၂၀၁၀ အထိ NLD က ပေးခဲ့တဲ့ အသီးအပွင့်တွေက ဘာတွေလဲ၊
                      အသက်တွေကြီးမှ ရာဇဝင်တွေထဲကလို “မပေး ပေး ပေး ငါ့ခမောက်ပြန်ပေး” လို့လူကြားထဲ
အရူးတစ်ယောက်လို လိုက်လိုက်အော်ပြီး သွက်သွက်ခါသွားတဲ့ ရွဲကုန်သည်အဖြစ်မျိုး ၂၁ ရာစုမှာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း ----------

No comments:

Post a Comment