“ခမောက်သုံးလုံး လိုရာသုံး”
ကျော်လွင်ဦး ( စက်မှု)
မိုးခမောက်
ဝဿန်ခါမိုး၊မရွာမှာစိုး
စိုမှာမကြောက်
ဒို့ခမောက်ရှိတယ်
ဆောင်းခမောက်
ဆောင်းမှာနှင်းတွေ ၊ ဝေပါစေပေါ့
အေးမှာမကြောက် ၊ ဒို့ ခမောက်ရှိတယ်။
နွေခမောက်
ဧပြီနွေ
၊ ပူပါစေလေ
နေပူမှာမကြောက်
၊ ဒို့ ခမောက်ရှိတယ်။
မိုးနဲ့ နွေဆောင်း ၊ ရာသီပြောင်းသော်
ဒို့ ဘိုးဘွားအမွေ ၊ ခမောက်တွေက
အေးပူချမ်းလှ ၊ သဘာဝကို
အန်တုယှဉ်ပြိုင် ၊ ထာဝရနိုင်စေ။
No comments:
Post a Comment