Friday 24 February 2012

အမျိုသားဒီမိုကရေစီပါတီသစ် ရုံးခန်းဖွင့်ပွဲ

                                       သင်္ဃန်းကျွန်း ရဲဘော်များနှင့် ပါတီဥက္ကဌ
                        တောင်ညွန့် ပြည်သူသို့ NNDP ဥက္ကဌဦးသိန်းညွန့်မှ မိန့်ခွန်းပြောကြားနေပုံ
 NLD ပါတီဝင်တစ်ဦး တောင်ညွန့် ဖွင့်ပွဲတွင်NNDP ပါတီဥက္ကဌ ဦးသိန်းညွန်၏မိန့်ခွန်းအားနားထောင်နေပုံ         

 နေ့လည် ၁၂း၀၀ ခန့်တွင် NLD အောင်နိုင်ရေးအဖွဲ့နှင့် NNDP အောင်နိုင်ရေး ယာဉ်တန်းတို့
                                  ဤသို့ မျက်နှာချင်းဆိုင် တွေ့ရစဉ် ၁၉.၂.၂၀၁၂


                                   ဖြူဖြူသင်းကားပေါ်မှ နိုင်ငံခြားသူ ၁၉.၂.၂၀၁၂




ဦးသိန်းညွန့် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ပါတီ ( ခမောက်သုံးလုံး) သည်
၁၉.၂.၂၀၁၂ နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် ပါတီ၏ မြို့နယ်ဆိုင်းဘုတ်
တင်ပွဲနှင့် ရုံးခမ်းဖွင့်ပွဲကို ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူေ
များနှင့် ခမောက်သုံးလုံးပါတီ၏ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးဖုန်းမြင့် အားမိတ်ဆက်သည့် အစီအစဉ်ဖြင့် ပါတီ၏အောင်နိုင်ရေးယာဉ်တန်းတို့သည် တောင်ညွန့် ရပ်ကွက်
များအား လှည့်လည်ခဲ့ကြသည်။
          NNDP ပါတီ ၏ယာဉ်တန်း လှည့်လည်နေစဉ် NLD ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဖြူဖြူသင်း တို့ အဖွဲ့နှင့် လမ်းတစ်ခုတွင် ထိပ်တိုက်တွေ့ကြရာ တစ်ဖက်နှင့် တစ်ဖက် လက်ပြဝှေ့ရမ်းပြီး
နှုတ်ဆက်ခဲ့ကြသည်။
          NNDP အောင်နိုင်ရေးယာဉ်တန်းသည် အရိုးကုန်းရပ်ကွက် ဘေး သိမ်ဖြူလမ်းမှ ကန်တော်လေးဘက်သို့
သွားနေစဉ် NLD အရိုးကုန်းရပ်ကွက် ရုံးခန်းမှ အသက် ၂၀ ပါတ်ဝန်းကျင်ရှိ လူငယ်တစ်ဦးမှ NNDP ပါတီ၏ခေါင်းဆောင် ဦးသိန်းညွန့် ကားဘေးမှနေပြီး “ခမောက်သူခိုး ခမောက်သူခိုး”ဟု လှမ်းအော်ခဲ့သည်။

No comments:

Post a Comment