Monday, 9 April 2012

၈.၄.၂၀၁၂ နေ့ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးရဲဘော်များအား ဂုဏ်ပြုဧည့်ခံပွဲနှင့် အခမ်းအနားမှတ်တမ်း

            တက်ရောက်လာကြတဲ့ ပါတီဝင်တွေကို ဥက္ကဌ ဦးသိန်းညွန့်မှ ဧည့်ခံနေတာဖြစ်ပါတယ်
                                   ပါတီဥက္ကဌလဲ လက်ရည်တပျင်တည်း ဆွဲနေပြီ
                                    တက်ရောက်လာကြတဲ့ ပါတီဝင်တစ်ဦး မှ                                             ကြားဖြတ်ရွေးကောက်ပွဲကာလ ဖြတ်သန်းမှုခံစားချက်အားဆွေးနွေးနေပုံ
       ပါတီဥက္ကဌ မှ ၄င်းဖြတ်သန်းခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများအား ရှင်လင်းဆွေးနွေးနေပုံ
                                             ၈.၄.၂၀၁၂ အခမ်းအနားသို့တက်ရောက်လာကြသော ပါတီဝင်များ
ဧည့်ခံကျွေးမွေးရေး အစီအစဉ်ကို နံက် ၁၀း၃၀ မှာစတင်ပါတယ် အခမ်းအနားအစီအစဉ်ကိုတော့ ၁၁း၀၀ မှာ စတင်ခဲ့ပါတယ် အခမ်းအနားမှုးအဖြစ် ရုံးအဖွဲပမှုး ဦးမျိုးထွန်းကဆောင်ရွက်ပြီး သဘာပတိအဖြစ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မှ တာဝန်ယူခဲ့ပြီး NNDP ပါတီမှကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းသုံးဦးဖြစ်ကြသည့်ဦးဖုန်းမြင့်၊ ဦးဝင်းရွှေ၊ ကိုရသ တို့မှ ရွေးကောက်ပွဲ အတွေ့အကြုံများကို ရှင်လင်းခြင်း ခံစားချက်များအား ပြောကြားခြင်း အစီအစဉ် တွင် ကိုယ်စားလှယ်လောင်းသုံးဦးမှ မိမိတို့တွေကြုံခံစားရသည်များအား ရှင်းလင်ရာတွင် စိတ်ဓါတ်မကျခဲ့ကြောင်း ယခုအရှုံးကို နမူနာယူပြီး ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်ကြရန်နှင့် အာဏာရပါတီနှင့် ပေါ်ပြူလာပါတီ အား ယှဉ်ပြိုင်နိုင်ခဲ့သည့် လသားသာရှိသေးသည့် မိမိတို့ပါတီအတွက်ဂုဏ်ယူမိကြောင်း ပြောကြားကြပြီး ကိုရသကတော့ ယနေ့မှ စတင်ပြီး ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ကြသည်၊၄င်းအစီအစဉ် နောက်တွင် ဗဟိုအောင်နိုင်ရေးအတွင်းရေးမှုး ဦးသန်းထွန်းမှ ၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွေအကြုံများနှင့် နှိုင်းယဉ်ကာ ယခုကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ်းခဲ့ခြင်းအပေါ် သုံးသပ်ဆွေးနွေးပြီး အောင်နိုင်ရေးရဲဘော်များအားကျေးဇူးတင်စကားပြောကြားခဲ့သည် ၄င်နောက်တက်ရောက်လာကြသည့် ပါတီကေဒါများမှ ၄င်းတို့တွေကြုံ ခံစားရသည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး ပါတီဥက္ကဌ ဦးသိန်းညွန့်မှ ၄င်းဖြတ်သန်းခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများကို ဆွေးနွေးပေးခဲ့ပြီး အခမ်းအနားကို ၂း၄၀ တွင် အဆုံးသတ်ခဲ့သည်။

Thursday, 29 March 2012

29.3.2012 မရန်းကုန်းမြို့ နယ်သို့ အောင်နိုင်ရေးခရီးစဉ်

                                  ပါတီခေါင်းဆောင် ဦးသိန်းညွှန့် ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း     ဦးရဲမင်းသိန်း(ခ) ကိုရသ နှင့် မရန်းကုန်းမြို့ နယ်ရှိမဲဆန္ဒရှင်ပြည်သူများနှင့်အမှတ်တရ
 ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း(ခ)ကိုရသကမဲဆန္ဒရှင်လူထုကိုနွေးထွေးစွားနုတ်ဆက်နေပုံ
 ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း(ခ)ကိုရသ ကအမှတ်တရလက်မှတ်ထိုးပေးနေပုံ
                                 ပါတီခေါင်းဆောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်                   ဦးသိန်းညွှန့် မှမဲဆန္ဒရှင်တစ်ဦးကိုနွေးထွေးစွာနှုတ်ဆက်နေပုံ
                               ကိုရသ ကမဲဆန္ဒရှင်တစ်ဦးကိုနှုတ်ဆက်နေပုံ
ကျောသားရင်သားမခွဲခြားဘဲ ပါတီဝင်ရဲဘော်များနှင့်လက်ရည်တစ်ပြင်တည်းထမင်းစားနေသူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် 

Monday, 26 March 2012

၂၆. ၃. ၂၀၁၂ NNDP ၏ မရမ်းကုန်း အောင်နိုင်ရေးခရီး

 မရမ်းကုန်းလူထုမှ ဦးရဲမင်းသိန်း(ခေါ်) ရသအား ပန်းကုံးများဖြင့် ၀မ်းပမ်းတသာဂုဏ်ပြု ကြိုဆိုကြစဉ်။
 ကိုရသနှင့် ခမောက်သုံးလုံး အဖွဲ့သားများ မရမ်းကုန်းမြို့နယ် မဲဆန္ဒရှင်ပြည်သူလူထုများအား ၀င်ရောက် နှုတ်ဆက်ဂါရ၀ပြုကြသည်။
                               ကိုရသအား မရမ်းကုန်းလူထုမှ ကြိုဆိုနေသောမြင်ကွင်း။
                                              ပြည်သူပေးတဲ့ မေတ္တာရေ။

Friday, 23 March 2012

သတိ (ကျော်လွင်ဦး စက်မှု ကဗျာ)


မင်္ဂလာတောင်ညွှန့်  NNDP အောင်နိုင်ရေး ၂၃.၃.၂၀၁၂

 တောင်ညွှန့် မြို့ နယ်ပြည်သူများအား ပါတီခေါင်းဆောင် ဦးသိန်းညွှန့် မှ ကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့် အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးနေပုံ

                  NNDP အဖွဲ့ အား တောင်ညွှန့် ပြည်သူများမှ သောင်းသောင်းဖျဖျ ကြိုဆိုနေပုံ
             ပါတီခေါင်းဆောင်အား တောင်ညွှန့် ပြည်သူများမှ ပန်းစည်းနှင့် ရေသန့် ဗူး ကမ်းပေးနေပုံ
               တောင်ညွှန့် ပြည်သူများကို ကိုယ်စားလှယ်လောင်းဦးဖုန်းမြင့် မှ နုတ်ဆက်နေပုံ
တောင်ညွှန့် ပြည်သူများထံ လွှတ်တောင်ကိုယ်စားလှယ်ဦးသိန်းညွှန့် မှ လွှတ်တော်တွင်းလွှတ်တော်ပြင်ပ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီ ရှင်းလင်းပြောကြားနေပုံ

Thursday, 8 March 2012

၈.၃.၂၀၁၂ သင်္ဃန်းကျွန်းဈေး


                                    ၈.၃.၂၀၁၂နေ သင်္ဃန်းကျွန်းဈေးကိစ္စ

                                                                                                 8.3.2012
၆.၃.၂၀၁၂ နေ့ ညမှာ ဖြစ်ပွားခဲ့သည့် သင်္ဃန်းကျွန်းဈေး ကိစ္စ အား ဈေးသာယာရေးအဖွဲ့မှ ၁၂.၃.၂၀၁၂
နေ့မှာ မဲခွဲမည့် အစီအစဉ်အား လွှတ်တော်ကိုယ်စားလှယ်များနှင့် စည်ပင်ဝန်ထမ်းများ၊ဈေးသူဈေးသား၏
ညှိုနိုင်း အတည်ပြုချက်ကို သွေဖယ်ကာ ဆက်လက်ပြုလုပ်သွားမည့် အစီအစဉ်ကို ၇.၃.၂၀၁၂ နေ့တွင်
ယာယီဈေးတည်ရှိသည့် ကျိုက္ကဆံဘုရားအနီးတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုင်း ဘုတ်ချိပ်ဆွဲထားခဲ့သည်အဆိုပါဆိုင်းဘုတ်အား၆.၃.၂၀၁၂ နေ့မှာ ရေးထားသည့် ဈေးသာယာရေးအဖွဲ့မှရေးဆွဲထားသော
ပုံစံ (၁) လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် ဦးကျော်တို့ရေးဆွဲထားသည့် ပုံစံ (၂) တို့အစား
ဈေးများဌာနသို့ တင်ပြလာသော ပုံစံ(၁) နှင့် အဆိုပြုပုံစံ(၂)ဟု ပြောင်းလဲ ရေးသားပြီး ဈေးသူဈေးသားများ
ဆန္ဒရယူပြီး ဆောင်ရွက်ခွင့်ပြုပါရန်ဈေးသာယာရေးအဖွဲ့မှရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့တင်ပြခဲ့သည့်
အပေါ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်ခွင့်ပြုခဲ့သဖြင့် ဆိုင်ခန်းအကွက်ချပုံစံအားဈေးသူဈေးသားများ၏ဆန္ဒရယူကာအောက်ပါအစီအစဉ်အတိုင်းသဘောတူညီမှုရယူ
သွားမည်ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်၊ံ

နေ့စွဲ        ၁၂.၃.၂၀၁၂
အချိန်      ၀၈း၀၀ နာရီမှ   ၁၆း၀၀ နာရီထိ
နေရာ       (ယာယီ) သင်္ဃန်းကျွန်းဈေး (ကျိုက္ကဆံဘုရားအရှေ့ဘက်မုဒ်)
         
 ဟု ဈေးတာဝန်ခံမှ ကြာသာပတေးနေ့ နံက် (၇) နာရီတွင်ဆိုင်းဘုတ်ချိပ်ဆွဲထားခဲ့သည်။

                                                                                                           သန်းထွန်း (tgkn)