၈.၃.၂၀၁၂နေ့ သင်္ဃန်းကျွန်းဈေးကိစ္စ
8.3.2012
၆.၃.၂၀၁၂
နေ့ ညမှာ ဖြစ်ပွားခဲ့သည့် သင်္ဃန်းကျွန်းဈေး ကိစ္စ အား ဈေးသာယာရေးအဖွဲ့မှ ၁၂.၃.၂၀၁၂
နေ့မှာ မဲခွဲမည့်
အစီအစဉ်အား လွှတ်တော်ကိုယ်စားလှယ်များနှင့် စည်ပင်ဝန်ထမ်းများ၊ဈေးသူဈေးသား၏
ညှိုနိုင်း
အတည်ပြုချက်ကို သွေဖယ်ကာ ဆက်လက်ပြုလုပ်သွားမည့် အစီအစဉ်ကို ၇.၃.၂၀၁၂ နေ့တွင်
ယာယီဈေးတည်ရှိသည့်
ကျိုက္ကဆံဘုရားအနီးတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုင်း ဘုတ်ချိပ်ဆွဲထားခဲ့သည်အဆိုပါဆိုင်းဘုတ်အား၆.၃.၂၀၁၂ နေ့မှာ
ရေးထားသည့် ဈေးသာယာရေးအဖွဲ့မှရေးဆွဲထားသော
ပုံစံ (၁)
လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် ဦးကျော်တို့ရေးဆွဲထားသည့် ပုံစံ (၂) တို့အစား
ဈေးများဌာနသို့
တင်ပြလာသော ပုံစံ(၁) နှင့် အဆိုပြုပုံစံ(၂)ဟု ပြောင်းလဲ ရေးသားပြီး ဈေးသူဈေးသားများ
ဆန္ဒရယူပြီး
ဆောင်ရွက်ခွင့်ပြုပါရန်ဈေးသာယာရေးအဖွဲ့မှရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့တင်ပြခဲ့သည့်
အပေါ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ
ဆောင်ရွက်ခွင့်ပြုခဲ့သဖြင့် ဆိုင်ခန်းအကွက်ချပုံစံအားဈေးသူဈေးသားများ၏ဆန္ဒရယူကာအောက်ပါအစီအစဉ်အတိုင်းသဘောတူညီမှုရယူ
သွားမည်ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်၊ံ
နေ့စွဲ ၁၂.၃.၂၀၁၂
အချိန် ၀၈း၀၀ နာရီမှ ၁၆း၀၀ နာရီထိ
နေရာ (ယာယီ) သင်္ဃန်းကျွန်းဈေး (ကျိုက္ကဆံဘုရားအရှေ့ဘက်မုဒ်)
ဟု ဈေးတာဝန်ခံမှ ကြာသာပတေးနေ့ နံက် (၇) နာရီတွင်ဆိုင်းဘုတ်ချိပ်ဆွဲထားခဲ့သည်။
သန်းထွန်း
(tgkn)
No comments:
Post a Comment