Tuesday 6 March 2012

လာပြန်ပြီ သင်္ဃန်းကျွန်းဈေး



                             " မပြီးဆုံးသေးတဲ့ သင်္ဃန်းကျွန်းဈေးကိစ္စ"


                                                                                                      ၆.၃.၂၀၁၂
ယနေ့ ညနေ ၄း၃၀ ခန့် အချိန်တွင် သင်္ဃန်းကျွန်းဈေး ၏ဈေးတာဝန်ခံ စည်ပင်ဝန်ထမ်း မှ ဆောက်လုပ်ဆဲ
ဈေး၏ မျက်နှာစာတွင် ဆိုင်းဘုတ် ၃ ခုအားစိုက်ထုသည့်ကိစ္စအား ဈေးသူဈေးသားများ၊စည်ပင်ဝန်ထမ်းများ
နှင့် သင်္ဃန်းကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်၊တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးကျော်တို့နှင့် ညှိုနှိင်း ဆွေးနွေးမှု ရလဒ် သဘောတူညီမှုများကို သွေဖယ်ရုံမကဘဲ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် ဦးကျော်တို့မှ ရေးဆွဲထားသည့် ဈေးနေရာချထားရေး ပုံစံ ဟု လိမ်လည်စိုက်ထူထားခြင်းအားသင်္ဃန်းကျွန်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်မှ ဈေးတာဝန်ခံထံ ညနေ ၇း၀၀ နာရီထက်နောက်မကျစေဘဲ ၄င်းတို့စိုက်ထူခဲ့သည့် ဆိုင်းဘုတ်အား ပြန်လည်ဖြုတ်ပေးရန် နှင့် သတ်မှတ်ချိန်အတွင်း
ပြန်လည်ဖြုတ်ပေးခြင်းမရှိပါက ရဲစခမ်းသို့ တိုင်ကြားသွားမည်ဟု အကြောင်း ကြားခဲ့ပါသည်။
သတ်မှတ်ထားသည့် အချိန်ထက် ကျော်လွန်လာသည့် ညနေ ၇း၁၀ မိနစ်တွင် အဆိုပါဆိုင်းဘုတ်အား
လာရောက် ဖြုတ်ပေးခြင်းမရှိသည့်အတွက် ဦးကျော်မှ သင်္ဃန်းကျွန်းရစခမ်းတွင် အမှုဖွင့် နေစဉ် မြိုနယ်အုပ်ချုပ်ရေးမှုး သည် ဈေးရှေ့သို့ ၇း၃၀ တွင် ရောက်ရှိလာပြီး ၄င်းဆိုင်းဘုတ်များအား ပြန်ဖြုတ်ရန် အကြောင်းကြားပြီးဖြစ်ကြောင်း မကြာခင် ဈေးတာဝန်ခံ ရောက်ရှိလာပြီး ပြန်လည်ဖြုတ်ပေးမည်ဖြစ်ကြောင်း ဈေးရှေ့တွင်ရှိနေသည့်
ဈေးသူဈေးသားများနှင့် တိုင်းဒေသကြီး (၁) သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့် တို့အားပြောကြားခဲ့ပြီး ၇း၄၀ ခန့်တွင် ဈေးတာဝန်ခံ ရောက်လာပြီး ၄င်း စိုက်ထူထားခဲ့သော ဆိုင်းဘုတ်များအားပြန်လည်ဖြုတ်ချပေးခဲ့သည်။ ထိုအချိန်တွင် ဦးကျော်သည် သင်္ဃန်းကျွန်းရဲစခမ်းတွင် အမှုဖွင့်ပြီးနေပြီဖြစ်သည်။



ဈေးသာယာရေးအဖွဲ့မှဆွဲထားသောမြေပုံနှင့်လွှတ်တော်ကိုယ်စားလှယ်များမှရေးဆွဲထားသောမြေပုံဟု
မမှန်မကန်ရေးထားသည့် မြေပုံနှစ်ခုဆိုင်းဘုတ်
မြေပုံနှစ်ခုအားမဲခွဲဆုံးဖြတ်ရန်ဈေးများဌာန၏ ကြော်ငြာ
ဈေးသာယာရေးအဖွဲ့ဝင်စာရင်း ဆိုင်းဘုတ်
 တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်သတ်မှတ်ပေးထားသည့်အချိန်အားဈေးသူဈေးသားများနှင့်
သင်္ဃန်းကျွန်းဈေးရှေ့တွင် စောင့်ဆိုင်းနေပုံ
သင်္ဃန်းကျွန်းအုပ်ချုပ်ရေးမှုးရောက်ရှိလာပြီးဈေးသူဈေးသားများနှင့်အတူဈေးတာဝန်ခံအားစောင့်ဆိုင်းနေပုံ
        ဈေးတာဝန်ခံရောက်ရှိလာပြီးနောက်ဆိုင်းဘုတ်အား ၇း၄၀ခန့်တွင်ဝန်ထမ်းများမှပြန်ဖြုတ်နေပုံ
                                ကားပေါ်မှဈေးတာဝန်ခံ ဆိုင်းဘုတ်တင်အပြီးအိမ်အပြန်
                                                                                                         သန်းထွန်း (tgkn)

No comments:

Post a Comment